Final Episode Part-30(Uni±Zaw)

1.6K 91 23
                                    

Don't Forget Me 💚❤️
Unicode
Part-30 (Final Ep)

ကျတော် ဒီလို Ohmကို မေ့နေတယ် လုပ်လိုက်သည့် ကိစ္စမှာ
Mae နဲ့ Waiတောင် မသိပါ ။
Ohm အိမ်ပြန်သွားတဲ့ အချိန်မှ

"Mae သား မှတ်ဉာဏ်တွေ ခဏပျောက်နေတယ် ဆိုတာ မဟုတ်ဘူး"

"ဟင် အဲ့တာဆို စောစောက"

"ဟီး Ohmကို တမင်လုပ်လိုက်တာ သူကို စချင်လို့"

"သားရယ် ဘာလို့ အဲ့လို လုပ်လိုက်ရတာလဲ
ဟိုမှာ သူအပြစ်ကြောင့်ဆိုပြီး စိတ်မကောင်းဖြစ်နေတာကို"

"ခဏပါပဲ ကျတော်ကိုတောင် သူအကြာကြီး မေ့ထားသေးတာပဲ
Mae ပါ စိတ်ပူသွားရင် တောင်းပန်ပါတယ်"

"မှတ်ဉာဏ်တွေ မမေ့ဖူးဆိုလည်း ပြီးတာပါပဲ"

"Mae သွားမပြောပြနဲ့နော်"

"ဟုတ်ပါပြီ ဒီကလေးတွေနဲ့"

"ဟို..ဒီကို လာတဲ့ ဆရာဝန်ကိုတော့ အားလုံးပြန်သတိရပြီလို့ ပြောပေးပါ မလိုတာတွေစစ်နေရမှာစိုးလို့
နော် Mae"

"အင်း Mae ခုပဲသွားပြောလိုက်ဦးမယ်"
"ဟုတ်"

ကျတော် မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျတော်ကိုယ် ကျတော်တောင် မသိလိုက်ဘဲ ကားရှေ့ရောက်လျက်သား
Ohmကို ထပ် အဆုံရှုံးမခံနိုင်တဲ့ စိတ်သာရှိတော့တယ်။
ကျတော့်ရှေ့ကနေ ပျောက်ကွယ်သွားတဲ့ ခံစားချက်မျိုး ကျတော် ထပ်မခံစားချင်တော့ဖူး။

ကံကြမ္မာက ကျတော်တို့ကို ထပ်ခွဲခဲ့ရင်လည်း ဒီခါ ကျတော်ပဲ ထွက်သွားတဲ့သူ ဖြစ်ချင်မိတယ်။

ကျန်နေခဲ့ရတဲ့ ခံစားချက်ကို ကျတော် အသိဆုံးမို့ပါ။
ကံကောင်းထောက်မစွာနဲ့ ကျတော်အသက်ရှင်လျက်ရှိခဲ့တယ်။

ရထားတဲ့ ဒဏ်ရာတွေက မေ့ဆေးရှိန်ပြယ်လာတာနဲ့
တဆစ်ဆစ်နဲ့ ကိုက်နေလေသည်။

ညနေရောက်လာတော့ Ohmရောက်လာပြီး သူတစ်ယောက်ထဲ ကျတော်ကို လူနာစောင့်နေလေတယ်။

သရုပ်ဆောင်နေရတာဆိုတော့ နည်းနည်းလည်း အခက်တွေ့တယ်။
ရင်းနှီးသလို စကားသွားပြောလို့လည်း မရဘူး။

ကိုယ့်ပုံကပဲ အနေခက်နေတဲ့ အနေထားဖြစ်နေလို့လား မသိဘူး
Ohmကအရင် စကားတွေ လာပြောတယ်။
အင်း တစ်လုံးက လွဲပြီး ဘာပြောရမှန်း မသိ။
တကယ် မေ့နေတာမဟုတ်တော့ နေရတာ စိတ်ထဲ မလုံသလိုလိုနဲ့
Ohmသိသွားရင် စိတ်ဆိုးသွားမလားလို့လည်း စိတ်ပူမိသား
အသက်အန္တရာယ်ထိခိုက်လုနီးနီး ကြုံထားခဲ့တာကို စမိတဲ့ ကိုယ့်အဖြစ်

1.Don't Forget Me (Complete)Where stories live. Discover now