Don't Forget Me 💚❤️
Unicode
Part-20လက်ဝတ်ရတနာ ထည့်ထားတဲ့ boxလေးထဲမှာ
ကိုကို ပြန်ရောက်လာထဲက ယူပြီး သိမ်းထားခဲ့တဲ့ လက်စွပ်လေးတစ်ကွင်းကို သေချာကိုင်ကြည့်မိသည်။ဒီနေ့ ကိုကို ခေါ်လိုက်တဲ့ နာမည် 'Nanon'
ဒီလက်စွပ်ထဲက နာမည်ပိုင်ရှင်အစစ်ဖြစ်နေမလား
နာမည်တူသူ ဖြစ်မလား
ဒီထဲကနာမည်နဲ့သူဟာ ရုံးက တစ်ယောက်ပဲဆို ယောကျာ်းလေးလား
အာ့ဆို ကိုကိုက ...
ဘာလုပ်ရမလဲ မသိအောင် ဖြစ်နေလေသည်။ဆက်ပြီး ဆုတ်ကိုင်ထားလိုက်ဖို့ကလည်း
မထင်ထားမိတဲ့ အခြေနေဖြစ်နေတယ်။
စွန့်လွှတ်ဖို့ကလည်း ကိုယ်အချစ်ကို
ခံစားတက်လာတဲ့ အရွယ်ထဲက ချစ်လာခဲ့ရတဲ့သူကိုကို သဘောကျခဲ့တဲ့ သူက မိန်းခလေးဆိုရင်တောင် တော်သေးသည်။ ခုငါက ယောကျာ်းလေးနဲ့ ဘယ်လို လုရမှာလဲ
(စာရေးသူတောင် သူနေရာက စဉ်းစားပြီး တော်တော်ခေါင်းရှုပ်🤐)ကိုကို အတိတ်မေ့နေတုန်းဖြစ်ခဲ့တဲ့ အတိတ်အတွက် မသိကျိုးကျွံပြုထားလိုက်ရမလား
ဒါပေမယ် ခုအပြုမူကလည်း သာမန်လည်း ဟုတ်မနေပြန်
မိန်းခလေးမို့ ပိုခံစားမိတယ်ကိုကို ဘယ်လို ဖြစ်နေနေ ရအောင်ယူရမလား
မိဘတွေက အချိန်တန် စီစဉ်ပေးမယ်ဆိုတာ ကျိန်းသေဖြစ်သည်။
ကိုယ့်အမေနဲ့ ကိုကို့အမေ ပြောနေကြတာတွေလည်း အကုန်သိထားပြီးသားမို့လို့ ...ရအောင်ယူမယ်ဆို မြောလိုက်ရုံပဲရှိသည်။ဘာလုပ်ရမလဲ မသိတော့ဖူး
ခုတော့ ဒီအကြောင်း ဘယ်သူကိုမှ မပြောဘဲ ကိုကို အခြေနေ စောင့်ကြည်ရင်နဲ့ ဒီလက်စွပ်ထဲက နာမည်Nanonက ရုံးက တစ်ယောက် ဟုတ်မဟုတ်ကိုလည်း သေချာစုံစမ်းကြည့်ရမယ်။××
ဘယ်သူမှမသိတဲ့ ကျတော်ကိုယ်တိုင် အဖြေရှာမိနေသော ကျတော်ရဲ့ စိတ် ....
သေသေချာချာပြောရရင် Nanonအပေါ်မှာ ရှိနေတဲ့
ကျတော့်ရဲ့စိတ်အစက ထူးဆန်းတဲ့ ကောင်းလေးလို့ ထင်ခဲ့တယ်။
သူကို တွေ့ပြီးထဲက ထူးဆန်းတဲ့ ခံစားချက်တွေဆက်တိုက် ဖြစ်ခဲ့တယ်။ဘာမှမပက်သက်တဲ့ ကောင်လေးတစ်ယောက်က မျက်စိထဲရောက်လာတာကလည်းထူးဆန်းပြီး
အမြဲသတိပြုမိနေတာကလည်း ထူးဆန်းတယ်
အဲ့တာက သူကိုကျတော် စိတ်ဝင်စားနေတာဆိုရင်လည်း
ဝန်ခံပါတယ် စိတ်ဝင်စားမိတယ် ဆိုတာ
YOU ARE READING
1.Don't Forget Me (Complete)
Fanfictionကမ္ဘာကြီးမှာ ဘယ်သူ့ကိုမှ မမှတ်မိတော့ဘဲ လမ်းပျောက်နေတဲ့အချိန် မင်းသာငါ့ကို မကယ်ခဲ့ရင် .... #OhmNanon fanfic လေးပါ // ကိုယ့်ရဲ့ ပထမဆုံးလက်ရာလေးဖြစ်တဲ့ ဒီfanficလေးကို စ,စချင်းရေးသားခဲ့တဲ့အတိုင်း သိမ်းထားချင်တာမို့ စာလုံးပေါင်းအမှားအယွင်းလေးတွေ များစွာ...