Don't Forget Me 💚❤️
Unicode
Part-5ဒီနေ့ Mae အတွက် ဆေးသွားယူပေးရမည်ဖြစ်သည်။
ဆိုင်မှာတော့ Ohm ကို ထားခဲ့ပြီး တစ်ယောက်ထဲသွားမည် ဆုံးဖြတ်ထားကာ ကားစက်နှိုးနေချိန် ဘေးကနေ Ohm တက်လာလေသည်။
" ဒီရက်ပိုင်း ခေါင်းတွေကိုက်နေလို့ Mae က လိုက်သွားခိုင်းလိုက်လို့"
ခေါင်းကို တကျွတ်ကျွတ်နဲ့ ပြောလာသည်
" ဟုတ်လားး အာ့ဆို လိုက်ခဲ့လေ"
ဒီကောင် တမင် ကလိန်ကျပြီး လိုက်လာတာ မသိတာ ကျနေတာပဲ
ကျတော်နဲ့ ရန်ဖြစ်ထားပြီး စကားမပြောကြလို့ Mae လိုက်ခိုင်းလို့ ခေါင်းကိုက်လို့ လုပ်နေတာကို ဟွန်း
သူစကားစပြောတော့မှ သူ့မှာ နောက်ထပ် အကြံတစ်ခု ထပ်ရှိနေတာသိလိုက်ရသည်။
အဲ့တာကတော့ ဆေးရုံက Maeကိုပြနေကျ ဆရာဝန်ရဲ့ လက်ထောက် ဆရာဝန်မလေးပင်
ထိုဆရာဝန်မလေးနဲ့ ခင်လာတာက Mae ကို ဆေးခန်းစပြတဲ့ လွန်ခဲ့သော ၂နှစ်လောက်ထဲက ဖြစ်သည်
Maeကိုလည်း ဂရုစိုက်တယ် ကျတော်နဲ့လည်း ခင်မင်နေတာဖြစ်တယ်။ ကြွားတာတော့ မဟုတ်ပါဖူး ကျတော်ကို စိတ်ဝင်စားနေတယ်လို့တော့ ထင်မိတယ်
အဲ့တာကို သိတဲ့ Ohm က ကျတော်ကို လှော်ပေးချင်နေတာ ဖြစ်တယ်။
ကျတော်ကလည် တခြားမိန်းခလေးတွေကို ဆက်ဆံတာနဲ့ မတူဘဲ နည်းနည်းကွဲထွက်နေတော့
တကယ်က Mae ကို ဂရုစိုက်ပေးတာကို ကျေးဇူးတင်တာကြောင့်လည်း ပါတယ်။
" ဟို ဆရာမလေးနဲ့ Date သင့်တယ်နော် Nanon"
" ဟာ မင်းကလည်း အဆင်ပြေပါ့မလားး"
" မင်းကို ဟိုက ကြွေနေတာ မင်းလည်း အရေးပေးနေတာပဲလေ
မဟုတ်ရင်တော့ မျှော်လင့်ချက်ပေးနေသလိုပဲလေ "
" ဟ အဲ့တာက Mae ကြောင့်
ငါ မိန်းခလေးတွေနဲ့ အကျွမ်းတဝင် သိပ်မရှိဖူး ဟျောင့် "
ကျောင်းတက်တုန်းကလည်း လိုက်ခဲ့တဲ့သူရှိပေမယ် ရေရှည် မမြဲပါ
ကျတော်ကို ကြိုက်ကြတဲ့သူတွေတော့ များတယ်။
" အာ့ဆို ကျားတွေနဲ့ အကျွမ်းဝင်တာလား"
ရယ်ကြဲကြဲနဲ့ စလိုက်တဲ့ Ohm ကြောင့်
ကားမောင်းနေရင်နဲ့ ကျတော့် လက်တစ်ဖက်သည် သူ့ပါးပေါ် ကွက်တိပါပဲ
'ဖက်'
"ဘောပဲ Ohm"
" သေပါပြီကွာ "
" ကားမောင်းနေတယ်နော် မသေချင် မစနဲ့ "
" ငါပြောတာကို သေချာလေး တွေးကြည့်ပါလားးး
Maeလည်း အဲ့တစ်ယောက်ကို သဘောကျတာမို့လို့ ငါကပြောပြတာပါ
အနောက်ကမှ မတွန်ရင်း မင်းက စွံမှာ မဟုတ်တော့ဘူး"
......
ဘာမှတော့ ပြန်မပြောတော့ပါ ဟုတ်ပါတယ် ဆရာမလေနိုက တော်တယ် ချောတယ် လုံးဝ ရွေးချယ်သင့်တဲ့ သူပဲ
Ohmပြောသလိုပဲ လုပ်ကြည့်လိုက်ရမလား ???
YOU ARE READING
1.Don't Forget Me (Complete)
Fanfictionကမ္ဘာကြီးမှာ ဘယ်သူ့ကိုမှ မမှတ်မိတော့ဘဲ လမ်းပျောက်နေတဲ့အချိန် မင်းသာငါ့ကို မကယ်ခဲ့ရင် .... #OhmNanon fanfic လေးပါ // ကိုယ့်ရဲ့ ပထမဆုံးလက်ရာလေးဖြစ်တဲ့ ဒီfanficလေးကို စ,စချင်းရေးသားခဲ့တဲ့အတိုင်း သိမ်းထားချင်တာမို့ စာလုံးပေါင်းအမှားအယွင်းလေးတွေ များစွာ...