Don't Forget Me 💚❤️
Part-11
*Warning နည်းနည်းပါမယ်နော်*မနက်ဖြန် Nanon မွေးနေ့ ဖြစ်သည်။ လှူဖို့ ပစ္စည်းတွေ ပြင်ဆင်စရာတွေ လိုအပ်တာတွေ ကျတော် အကုန် လုပ်ပေးပြီးပြီ ဖြစ်သည်။
အာရုဏ်ဆွမ်း အတွက်ကိုတော့ ခုညပိုင်းလောက်ထဲက ချက်ပြုတ်နေကြတယ်။
Nanon နဲ့ ကျတော် ချက်ပြုတ်ပေးနေတဲ့ အဖွဲ့ကို ကူညီစရာရှိတာ ကူညီပေးနေပြီး Mae ကို တော့ သွားအိပ်ခိုင်းလိုက်ပြီ ဖြစ်တယ်။Mae က ခုရက်ပိုင် နှလုံးတွေ အောင့်ပြီး နေမကောင်းဖြစ်နေတာ ဆက်တိုက်လိုလို ဖြစ်နေသည်။ ဆေးခန်း ပြပြီး ထပ်စစ်ဆေးစရာရှိတာတွေတော့ စစ်ဆေးထားပြီး အဖြေစောင့်နေရတုန်း ဖြစ်သည်။
နာရီကို ကြည့်လိုက်တော့ မနက်၁၂ထိုးတော့မည် ဖြစ်သည်။ ဒီနေ့ တော့ ဝိုင်းကူပေးရမည် ဖြစ်တာကြောင့် ဆိုင်မှာပဲ အိပ်ဖြစ်ဖို့ များတယ်။ ချက်တာတွေက နည်းနည်းတော့ကျန်နေသေးသည်။
Nanon ကို လိုက်ကြည့်လိုက်တော့ ဘယ်ရောက်သွားလဲ မတွေ့
၁၂ ထိုးတော့မှာဆိုတော့ မွေးနေ့ရှင်လေးကို ကိုယ်တိုင် wish ပေးချင်တယ်လေ။ အဲ့တာနဲ့ ချက်တာက ကိုယ်လည်းချက်တတ်တာ မဟုတ်တော့ ကူညီပေးစရာတွေကလည်း အားလုံး လုပ်ပြီးပြီမို့ ဒီအပိုင်းကို ထားခဲ့ကာ မွေးနေ့ရှင်လေးကို လိုက်ရှာလိုက်သည်။ခနပဲရှာလိုက်ရပါတယ် မွေးနေ့ရှင်လေးက နားနေခန်းက
ဆိုဖာခုံရှည်ပေါ်မှာ အိပ်ပျော်နေတာ ဖြစ်သည်။
ဘယ်ချိန်ထဲက ခိုးထွက်ပြီး လာအိပ်နေလဲ မသိဘူးး။ကျတော် အိပ်နေတဲ့ Nanon ဘေးမှာ ကပ်ပြီးလှဲလိုက်ရင်းး
နောက်ကနေ ဖက်လိုက်ကာ
"Happy Birthday Non...မွ...မွ"
HBDပြောရင်း Nanonပါးလေးတွေကို နမ်းလိုက်တယ်။
အိပ်နေတဲ့ ကောင်လေးက နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့
" ဟင်...၁၂ ထိုးပြီလားးး ကျေးဇူးနော် Ohm"" ဟုတ်တယ် ၁၂ထိုးပြီ
မွေးနေ့ရှင်က ဟိုနားရပ်ကြည့်ဒီနားရပ်ကြည့်ပြီး ခုတော့ ဒီမှာ လာအိပ်နေတယ်ပေါ့ "" အွန်းး အိပ်ချင်လာလို့ ခုရော ပြီးပြီလား ငါ ဘာလုပ်ပေးရဦးမလဲ"
YOU ARE READING
1.Don't Forget Me (Complete)
Fanficကမ္ဘာကြီးမှာ ဘယ်သူ့ကိုမှ မမှတ်မိတော့ဘဲ လမ်းပျောက်နေတဲ့အချိန် မင်းသာငါ့ကို မကယ်ခဲ့ရင် .... #OhmNanon fanfic လေးပါ // ကိုယ့်ရဲ့ ပထမဆုံးလက်ရာလေးဖြစ်တဲ့ ဒီfanficလေးကို စ,စချင်းရေးသားခဲ့တဲ့အတိုင်း သိမ်းထားချင်တာမို့ စာလုံးပေါင်းအမှားအယွင်းလေးတွေ များစွာ...