Part-23(Unicode±Zawgyi)

1K 72 23
                                    

                Don't Forget Me 💚❤️
Unicode
Part-23

"ပြောစရာရှိတယ်ဆို ဘာပြောမလို့လဲ Ohm"
မနက်စာစားနေရင်းနဲ့ Ohmလှမ်းမေးလိုက်တော့

"စိတ်မဆိုးနဲ့နော် ကြိုမပြောဘဲ လုပ်လိုက်မိလို့"
ဘာကိစ္စများပါလိမ့်

"အိမ်ကို ကိုယ်တို့အကြောင်း ဖွင့်ပြောလိုက်ပြီ"
ဟင်...အံဩသွားတာတော့ အမှန်ပင် ဖြစ်သည်။ အိမ်ကို ပြောပြတော့မယ်ဆိုတာ တစ်ခွန်းမှ ကိုယ့်ကို မပြောပြထားခဲ့
အဲ့တော့ ဘယ်လို တုံ့ပြန်လဲတော့ သိချင်မိတယ်။ အထက်တန်းလွှာက လူတွေ မလား

"ပြောပြလိုက်တာ မစောလွန်းဖူးလားOhm
အဆင်ရောပြေခဲ့ရဲ့လား"

"မစောပါဖူး မြန်မြန်ပြောလိုက်တာက အကောင်းဆုံးမို့လို့
ညီမမွန်ကလည်း Nonနဲ့ပါ လာတွေ့တယ်ဆိုတော့ အိမ်ကို ပြောပြမှကို ဖြစ်မှာ
ခုတောင် အမေ့ကို တိုင်ထားသေးတယ်" 

"ခု အိမ်က ဘာတဲ့လဲ"

" ညီမမွန်နဲ့ မြန်မြန်ယူရမယ်တဲ့"

အဲ့စကားကြားလိုက်တဲ့ ချိန်မှာ ဝမ်းနည်းတာရော ဒေါသရော ပြိုင်တူဖြစ်မိတယ်
အဲ့စကားပြောဖို့ကို တကူးတကတောင် မနက်စားလာစားတယ်တဲ့လား

ကျတော် ဘာမှ ပြန်မပြောတော့ပဲ
‌breakfast ကိုပဲငုံ့စားနေလိုက်သည်။

ကျတော်မျက်နှာပျက်သွားတာကို သိသွားတော့
Ohmက ခပ်မြန်မြန်ထလာပြီး

"Non ..Non... ကိုယ့်ကို ကြည့်ဦး"

"ပြောမှာ အဲ့တာမလား
မင်းကို တခြားသူနဲ့ စီစဉ်တော့မယ်ဆိုတာပြောမလို့မလား ခုနားထောင်ပေးပြီးပြီဆိုတော့
စားစရာရှိတာသွားစား အလုပ်ကို သွားရမယ်"

"မဟုတ်ဖူး ကိုယ်စတာ ကိုယ်စနေတာပါ ကြည့်ပါဦး"
အတင်း မေးဖျားကနေကိုင်ပြီး  မျက်နှာကို သူဘက်လှည့်အောင်လုပ်နေသည်။
မျက်နှာသူ့ဘက်လှည့်ပြီဆိုတော့မှ

"ကိုယ့်ကိုကြည့်ပါ ကိုယ်စလိုက်တာပါ
အိမ်က သဘောတူတယ်
Non ကိုတောင် အိမ်ကို ခေါ်လာခဲ့ပါတဲ့"
ဟုတ်လို့လား ဆိုပြီး သူ့ကို ကြည့်လိုက်တော့

"မယုံဖူးလား တကယ်ပြောနေတာ
စောစောက Nonကို စချင်လို့ပြောလိုက်တာ တစ်ခုပဲ"

1.Don't Forget Me (Complete)Where stories live. Discover now