Part-26(Unicode±Zawgyi)

1K 71 18
                                    

Don't Forget Me 💚❤️

Unicode
Part-26

"အဟွတ် အဟွတ်"
"Non သက်သာရဲ့လား"

"အင်း သက်သာတယ် လည်ချောင်းနည်းနည်းယားနေလို့"

ကျတော်ဆေးသောက်ထားပြီးပေမယ့် အဖျားကတော့ နည်းနည်းရှိနေသေးသည်။ ဒီနေ့ ဘန်ကောက်မြို့ကို ပြန်မယ်နေ့ဖြစ်တာမို့ ခုကျတော်တို့ ပြန်နေတဲ့ လမ်းပေါ်မှာ ဖြစ်သည်။Ohmကတော့ ကျတော့်ကြောင့်
ဒီနေ့ဆက်နေလိုက်ပြီး နက်ဖြန်မှ ပြန်မယ်ပြောပေမယ့်
Ohmမှာ လုပ်စရာကိစ္စတွေ အများကြီးရှိနေတာ သိထားတာကြောင့် ပြန်ဖို့ပဲ လုပ်လိုက်တော့သည်။

ကျတော့်ကြောင့် တစ်ညလုံး အိပ်ရေးပျက်ထားတဲ့အပြင်
ခုလည်း တစ်လမ်းလုံး သူပဲ ကားမောင်းနေရတာကြောင့် ကျတော် အားနာမိတယ်။

ဒီကို ပြန်လာခဲ့ပြီး မှတ်ဉာဏ်တွေလည်း ပြန်ရခဲ့ပြီ
တော်တော်များများလည်း အဆင်ပြေနေပြီဆိုပေမယ့်
ခု ဘန်ကောက်ကို ပြန်တဲ့ချိန်မှာတော့ ကျတော့်စိတ်တွေ အနည်းအကျဉ်းတော့ လေးလံနေတယ်။

ခုဖြစ်နေတဲ့ ပြဿနာတွေမှာ ရန်သူကအနီးနာကလူဖြစ်နေတာကြောင့် Ohmအတွက် အန္တရာယ်အများကြီးရှိနိုင်သည်။ စိတိပိုင်းဆိုင်ရာပါ ထိခိုက်နိုင်သည်။
သူယုံကြည်ရတဲ့သူက သူကို အန္တရာယ်ပေးတာမလား
ကိစ္စအားလုံးက ထင်ထားတဲ့အတိုင်း ဒီလူသာ ဖြစ်ရင်
Ohmခံနိုင်ရည်ရှိပါ့မလား ။ Ohmအတွက် အဖက်ဖက်ကနေ စိတ်ပူမိသည်။

"ဘာတွေ စဉ်းစားနေတာလဲ Non"
ကားမောင်းနေတဲ့ Ohmရှိကနေ စကားသံထွက်ပေါ်လာခဲ့သည်။

"ဘာမှ မဟုတ်ပါဖူး"
"ပြောပါ တစ်ခုခုတွေးနေပါတယ်"

"Ohm"

"အင်း"

"တို့တွေ ခန့်မှန်းမိတဲ့အတိုင်း P'Leoသာ တကယ် မင်းကို ဒုက္ခပေးတဲ့သူဆို ဘယ်လိုလုပ်မှာလဲ"

Ohmကတော့ ချက်ချင်းပြန်မဖြေဘဲ စဉ်းစားနေလေသည်။
ဒီစကား‌ကို ပြောလိုက်ရတဲ့ အကြောင်းအရင်းကတော့
အဆိုးတွေကို ကြိုတွေးထားတာ အကောင်းဆုံးပဲမလား ။အဲ့တာမှ တကယ်ဖြစ်လာခဲ့ရင် ရင်ဆိုင်နိုင်မှာ ဖြစ်သည်။

1.Don't Forget Me (Complete)Where stories live. Discover now