Part-17(Unicode±Zawgyi)

838 72 21
                                    

Don't Forget Me 💚❤️
Unicode
Part-17

အသစ်ဖွင့်လှစ်မယ် Royal Thailand Hotel ခွဲဟာဆိုရင် မကြာခင်မှာ ဖွင့်ပွဲကျင်းပတော့မှာဖြစ်သည်။
အကုန်စတင်ဖို့ အားလုံး အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
ဖွင့်ပွဲလုပ်ဖို့သာ ကျန်တော့တယ် Hotelကတော့ ဝန်ထမ်းပိုင်းမှာစတင် runနေပြီဖြစ်သည်။

ရုံးပိုင်း ဝန်ထမ်း၊ Hotelပိုင်း ဝန်ထမ်း ၊
Restaurantပိုင်း အားလုံးခန့်ထားပြီးပြီဖြစ်တယ်။
ဒီလို ထောင့်စေ့အောင် လုပ်နိုင်တာလည်း ကျတော့်သူငယ်ချင်း Drakeကျေးဇူးတွေလည်း အများကြီးပါတာပေါ့။

Hotelရဲ့ အပေါ်ဆုံးထပ်မှာကတော့ ကျတော့အတွက် ကိုယ်ပိုင်ရုံးခန်းရှိပြီး အဲ့အပြင်ဘက်မှာတော့ ရုံးပိုင်း ဝန်ထမ်းတွေရဲ့ နေရာအသီးသီး ရှိလေသည်။ Marketing , HR , Accountant, Sale , Purchase စသဖြင့် ဌာနများ သူအကန့်နဲ့သူ ရှိနေကြသည်။

ကျတော့ရုံးခန်းကို သူတို့နဲ့အတူတူ ထားထားရတာကတော့ အားလုံးနဲ့ တစ်သားထဲရှိချင်တာရောကြောင့်ဖြစ်သည်။
ကျတော်အခန်းကနေ ခန်းစီးတွေကိုသာဖယ်ထားရင် အားလုံးကို မြင်နေရသည်။

အဲ့ အပေါ်ဆုံးထပ်ရဲ့ တခြားတစ်ဖက်မှာပဲ ကျတော်နေဖို့ အခန်းတစ်ခန်း ရှိပြီးသားဖြစ်သည်။ ဒီနေရာက အိမ်နဲ့ အလှမ်းဝေးတာကြောင့် နောက်ပိုင်း အရေးတကြီး အလုပ်ကိစ္စရှိရင်
အသုံးပြုလို့ ရအောင်ပြင်ဆင်ထားတာဖြစ်သည်။

ခု အသစ်Hotelခွဲမှာဆိုရင် ရုံးချုပ်အတိုင်း ရေကူးကန်၊ Restaurant, Bar, Gym အားလုံးရှိသည်။ ရုံးချုပ်လောက်တော့ အထပ်ရေမများပေမယ့်
အပန်းဖြေဖို့ကတော့ အကောင်ဆုံး လုပ်ဆောင်ထားသည်။

ဒီနေ့ ဒီဘက်ရုံးကို စဆင်းမည့် ပထမဆုံး ရက်ဖြစ်သည်။
သူ့ကိုယ်ပိုင် ရုံးခန်းကို သွားဖို့ ‌ရာထူးအကြီးအသေး ဝန်ထမ်းတွေ အားလုံးကို ဖြတ်ပြီး သွားရတာမို့ ဝန်ထမ်းအားလုံးက ထပြီး အရိုသေပေးကြတယ်။
တစ်နေရာ အရောက်မှာတော့ ကျတော် ခဏရပ်သွားတယ်။
ခေါင်းထဲက မနည်း ထုတ်ပစ်ထားရတဲ့ ကောင်လေးကို ဝန်ထမ်းတွေခြားထဲမှာ မြင်လိုက်ရလို့ပဲ ဖြစ်သည်။

ဒီက ဝန်ထမ်းလား ?
ပြောသွားတုန်းက သူ့ရှေ့မပေါ်လာတော့ဘူး လိုမျိုးပြောသွားပြီးတော့
'ကျွတ် ငါက အဲ့တာကို မကျေနပ်ဖြစ်နေတာလား'
ဘာလို့လည်း မသိပါ ထိုကောင်လေးကို မြင်ရင် အလိုလို ဒေါသထွက်မိနေတယ် သူကို မုန်းလို့ ဘာညာမဟုတ်ဘဲ
ကိုယ်ကိုကိုယ်ပဲ ထွက်မိနေသလား မပြောတတ်

1.Don't Forget Me (Complete)Where stories live. Discover now