Part-15(Unicode±Zawgyi)

772 61 32
                                    

Don't Forget Me 💚❤️

Unicode
Part-15

ကျတော်တို့ရှိ Ohm ပြန်မရောက်လာတာ 6 လ ပြည့်ပြီ။
နေရာအနှံ့ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့။ ဒီကာလအတွင်းမှာ
စိတ်တွေ အာရုံပြောင်းပြီး ဆိုင်က အလုပ်တွေပဲ ဖိလုပ်ရင်း နေလာခဲ့သည်။ ဒါတောင် လွတ်တဲ့အချိန် သတိရမိတယ်။ ဒီနေရာက သူနဲ့ ကျတော်ရဲ့ အမှတ်တရတွေကြီးပဲ မလား။ Mae ရှေ့မှာတော့ အတက်နိုင်ဆုံးတော့ ခံနိုင်ရည်ရှိတဲ့သူ တစ်ယောက်လို နေပြခဲ့ပါတယ် ။

မထင်မှတ်ဘဲ ကျတော့်ဘဝထဲရောက်လာပြီး
မထင်မှတ်ဘဲ ပျောက်ချင်မလှ ပျောက်သွားတဲ့အပေါ်
ဘယ်လို ကောက်ချက်ချရမှန်း မသိတော့အောင် နာကျင်ရတယ်။
တစ်ခါ တစ်ခါ နားကြည်းမိတယ်။သူကို နာကြည်းတယ်ဆိုတာထက် ဒီနေ့ထိ သတိရနေတဲ့ ကိုယ်စိတ်ကို ပိုနာကြည်းမိတယ်။

ခုလည်း နာကြည်းတဲ့ စိတ်တွေနဲ့ရော
သောက်ထားတဲ့ အရက်ကြောင့် အမူးရှိန်နဲ့ရော
ဖုန်းထဲမှာ သူနဲ့အတူရိုက်ခဲ့ဖူးတဲ့ ပုံတွေ အကုန်လုံးကို Deleteပစ်လိုက်တယ်။
ဒီပုံတွေကို ပြန်ကြည့်တိုင် လွမ်းနေရတယ် မလားး
အမြဲတမ်းထုတ်ကြည့်ပြီး ခံစားနေရတာတွေ ရပ်တန့်ပစ်သင့်ပြီလေ။
ခက်တာက ပုံတွေသာ ပျက်သွားတာ သူရဲ့ ပုံရိပ်တွေကတော့ မူးလေ ပေါ်လေပဲ။ ကျတော် အမြဲတမ်း သောက်နေတာ မဟုတ်ပေမယ် ဒီနေ့ကတော့
Ohm ထွက်သွားခဲ့တဲ့ ရက် ဖြစ်နေသောကြောင့်....

တီ..တီ...တီ.....တီ..တီ..တီ

ဖုန်းမြည်လာတာနဲ့ ဖုန်းကို ကျတော်မျက်လုံးတွေကို ကျုံ့ပြီး ကြည့်လိုက်တယ်။ မူးနေတော့ အမြင်တွေက သိပ်မရှင်းဖူးလေ။
Waiပဲ

"ပြော ချစ်သူငယ်ချင်းလေး Wai"

"ဟျောင့် မူးနေတာလား"

"အေး"

"ငါ့သူငယ်ချင်းကို ဒီလိုလုပ်တဲ့ကောင်ပုံ ပြစမ်းပါဦး
မင်း ခုထိ ငါကို ပုံလေးတောင် မပြ‌ရသေးဖူးနော် "

" ဖျက်ပစ်လိုက်ပြီ မရှိတော့ဖူးး"

"WTF ... ဘာလို လုပ်ပစ်လိုက်တာလဲ အနည်းဆုံးတော့ ငါတော့ ပြခဲ့သင့်တယ်"

"မင်း ကြည့်တော့ရော ဘာထူးမှာလဲ
ထွက်သွားတာက ထွက်သွားတာပဲလေ"

1.Don't Forget Me (Complete)Where stories live. Discover now