Don't Forget Me 💚❤️
Unicode
Part - 18ကျတော့်အတွက် တစ်ဦးထဲ သီးသန့်ခန်း ယူထားသည့် အခန်းထဲမှာ နေရာချပြီးတောင်တက်ဖို့အတွက် အဝတ်စားရွေးချယ်ဝတ်လိုက်တယ်။
လူစုတဲ့ နေရာတောင်ခြေကနေစပြီး တောင်တက်ခဲ့ကြတယ်။ ဘာရယ်မဟုတ် ကျတော် မျက်လုံးများက တစ်ယောက်ယောက်ရှိကို ခဏခဏရောက်မိ၏။နေမကောင်းတာလား တစ်ခုခုအဆင်မပြေသလား မပြောတက်အောင် ကြည့်ရတာ တော်တော်ငြိမ်နေသည်။
သူကို မတွေးအောင်နေနေတာလည်း ကျတော်ပဲ
အမြဲ သွားသွားသတိထားမိနေတာလည်း ကျတော်ပဲ ဖြစ်သည်။ကျတော် သတိထားမိနေအောင်များ တမင်လုပ်နေသလားဟု ထင်ရတယ်။ ခုလည်း လျှောက်နေရင်းနဲ့ ရပ်သွားတော့ သူဘေးနား အရင်ထဲက ခဏခဏတွေ့နေရတဲ့ တစ်ယောက်က စကားတွေပြောနေတာ မြင်လိုက်တယ်။
ဘာဖြစ်လို့လဲ မတက်နိုင်တော့လို့များလား။ နေမကောင်းဖူးလား။သိချင်သွားမိတာတော့ အမှန်။
အစကတော့ ကိုယ့်ဝန်ထမ်းတွေရဲ့ သူဌေးတစ်ယောက်နေနဲ့ ဂရုစိုက်ပေးသင့်ပြီး မေးမလို လုပ်လိုက်ပြီးမှ မလုပ်ဖြစ်ခဲ့ဖူး။ သူ့ကိုပဲလိုက်ကြည့်နေတယ် ထင်သွားမှာစိုးတာကြောင့်ရော...
သူဘေးမှာလည်း အဖော်ရှိတာကြောင့်ရော.. မလိုအပ်ဖူးဟု တွေးကာ ကျော်ပဲ သွားလိုက်တော့သည်။ညပိုင်း ဝန်ထမ်းများ ကြိုဆိုသည့် ညစာ စားပွဲကို အရင် ကျင်ပသည်။ လိုက်ပါလာတဲ့ စာရင်းတိုင်း ဘိုကင်လုပ်ထားပြီးသားမို့ ဝန်ထမ်းများအား
"အားလုံးကို Royal Thailand Hotelခွဲ ကနေ ဝမ်းမြောက်စွာ ကြိုဆိုပါတယ်
ရှေ့လျှောက်လည်း အားလုံး အတူတူ အကောင်းဆုံး လက်တွဲဆောင်ရွက်သွားကြမယ် ခုပြင်ဆင်းထားတာတွေကို သုံးဆောင်လို့ရပါပြီ ထပ်ပြီးလည်း လိုအပ်သလို မှာယူ နိုင်ပါတယ် သောက်တာကိုတော့ ချန်ထားကြဦးနော် နောက်တစ်ပိုင်းရှိသေးတာမို့လို့ ကဲ... Cheer "" Cheer..."
အားလုံး ပြိုင်တူ အော်ပြီး ကြတဲ့ချိန်မှာတော့ စားကြသောက်ကြရင်း စကားများပြောနေပြသည်။ စားပွဲရှည်ထိပ်ပိုင်းဘက်မှာ ကျတော်နဲ့အတူ Drakeရယ် ဒီဘက်ပိုင်းက ဌာနပိုင်းဆိုင်ရာ အဖွဲမှူးတွေနဲ့ စကားပြောစားသောက်နေကြတယ်။
YOU ARE READING
1.Don't Forget Me (Complete)
Fanfictionကမ္ဘာကြီးမှာ ဘယ်သူ့ကိုမှ မမှတ်မိတော့ဘဲ လမ်းပျောက်နေတဲ့အချိန် မင်းသာငါ့ကို မကယ်ခဲ့ရင် .... #OhmNanon fanfic လေးပါ // ကိုယ့်ရဲ့ ပထမဆုံးလက်ရာလေးဖြစ်တဲ့ ဒီfanficလေးကို စ,စချင်းရေးသားခဲ့တဲ့အတိုင်း သိမ်းထားချင်တာမို့ စာလုံးပေါင်းအမှားအယွင်းလေးတွေ များစွာ...