Don't Forget Me 💚❤
Unicode
Part-21ခုရက်ပိုင်း ညီမမွန်က အိမ်ကို ခဏခဏလာတယ်
ဖုန်းတွေလည်း ခဏခဏ ဆက်တယ်။ ရုံးကိုတောင် လာတာမကြိုက်လို့ မလာတာ ဖြစ်ကောင်းဖြစ်နိုင်သည်။"သား သမီးလေးကို ပြန်ပို့ပေးပါဦး"
ကျွတ်... စိတ်ရှုပ်ရတယ်
Non သိရင်လည်း စိတ်မကောင်းဖြစ်မှာ ကျိန်းသေသည်။
ဒီကိစ္စက မြန်မြန်လေးဖြေရှင်းမှ ဖြစ်မည်။"ဟုတ် လိုက်ပို့လိုက်မယ် အမေ"
ညီမမွန် ကားပေါ်ရောက်သည်နှင့် ကားကို မောင်းထွက်လိုက်ပြီး
စကားပြောဖို့ စလိုက်သည်။"ညီမကို ကိုကို ပြောစရာရှိတယ်"
" ကိုကို သိလား ဒီနေ့ မေမေက ကိုကိုဘယ်နေ့အားလဲတဲ့ တွေ့ချင်နေတယ်"
"ကိုကို ပြောတာကို နားထောင်ဦးလေ"
"မသိချင်ဖူး နားမထောင်ချင်ဖူး"
ပြောမယ့်ဟာကို ကြိုသိနေလို့များ အတင်းတွေပြောနေတာလား
ကားမောင်းရင်းနဲ့ ပြောလို့ မဖြစ်တော့လို့ လမ်းဘေးမှာ ကားထိုးရပ်လိုက်သည်။"ဟာ အဲ့လို လုပ်လို့မရဖူးလေ ပြောတာကို နားထောင်ပေးမှပေါ့
ညီမကို ကိုကို့ဘက်က ညီမတစ်ယောက်ထက်မပိုတာ သိတယ်မလား"
"......""မိဘချင်းတွေ သဘောတူထားကြတယ်ဆိုရင်တောင် ကိုကိုတို့ ဘာကတိကဝတ်မှ မလုပ်ထားဖူးလေ ဟုတ်တယ်မလား"
"ဒါပေမယ့် အသိုင်းအဝိုင်း အကုန်သိတယ်လေ ကိုကို
အရင်ကတော့ အဆင်မပြေဖူး ငြင်းခဲ့တာမှ မဟုတ်တာ
ပြီးတော့ ကိုကို သေသွားပြီဆိုတာတောင် မမေ့ဘဲ စောင့်နေပေးခဲ့တာလေ ""အားလုံးအတွက် တောင်းပန်တယ်
ညီမကို ကိုကို ညီမလေးတစ်ယောက်လိုပဲချစ်နိုင်မယ်
အဲ့တာကိုမှ ရှေ့ဆက်တိုးရင် ညီမပဲ စိတ်ဆင်းရဲရလိမ့်မယ်""ဘာလဲ ကိုကိုမှာ တခြားချစ်ရတဲ့သူရှိနေတယ်မလား
အဲ့တာကလည်း အဲ့တာကလည်း ...""ဆက်ပြောလေ ညီမမွန်
ညီမ သိနှင့်နေပြီးသား မလား
အာ့မို့ ခုလိုတွေ လိုက်လုပ်နေတာမလားး"
ဘယ်လိုသိနေတာလဲဆိုပြီးတော့ မမေးလိုက်တော့ပါ
YOU ARE READING
1.Don't Forget Me (Complete)
Fanficကမ္ဘာကြီးမှာ ဘယ်သူ့ကိုမှ မမှတ်မိတော့ဘဲ လမ်းပျောက်နေတဲ့အချိန် မင်းသာငါ့ကို မကယ်ခဲ့ရင် .... #OhmNanon fanfic လေးပါ // ကိုယ့်ရဲ့ ပထမဆုံးလက်ရာလေးဖြစ်တဲ့ ဒီfanficလေးကို စ,စချင်းရေးသားခဲ့တဲ့အတိုင်း သိမ်းထားချင်တာမို့ စာလုံးပေါင်းအမှားအယွင်းလေးတွေ များစွာ...