Part - 2 (Unicode+Zawgyi)

1K 103 6
                                    

Don't Forget Me 💚❤️
Unicode
Part - 2

ဒါ ဘယ်နေရာလဲ !
ဘယ်သူတွေလဲ !
ငါကရော ဘယ်သူလဲ !
ဘာကိုစဉ်းစားစဉ်းစား မပေါ်လာဘဲ စိတ်တွေ လေးလံလာတယ်
အားလုံးကြည့်ရတာတွေ မြင်ရတာတွေက စိမ်းသပ်နေပြီး
အဆိုးဆုံးက ဘာမှ မသိတော့ခြင်းပဲ။ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်ထဲ ဖြစ်နေတယ်ဆိုတဲ့ခံစားချက် ဘယ်သူကိုသွားယုံရမလဲ။
မသိခြင်းတွေနဲ့ အတူ စိတ်တွေ ဂယောက်ဂယက်ဖြစ်ကာ
"ဒါ ဘယ်နေရာလဲ ငါဘယ်သူလဲ
ငါဘယ်သူလဲ"
လက်က ဆေးပိုက်များကိုလဲ ဖြုတ်ချမိလျက်သား
သူနာပြုမလေးတွေက အတင်းလာတားလို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ခနကြာတော့ ဆရာဝန်တွေ ရောက်ချလာကာ သူတို့ကျ‌တော့်ကို ဆေးထိုးလိုက်တယ်။ တဖြည်းဖြည်း မျက်လုံးတွေစင်းကျလာတယ်
ဆရာဝန်တွေရဲ နောက်မှာတော့ ကျတော့ကို စိုက်ကြည့်နေပြီး ဘာလုပ်ရမလဲ မသိတဲ့ အသားဖြူဖြူနှာခေါင်းလုံးလုံးလေးနဲ့ ကောင်လေးတစ်ယောက် မြင်လိုက်ရတယ် ပြီးတော့ ပြီးတော့ ဘာမှမသိတော့ပါ ။
××
မအိပ်ရသေးတာမို့ လန်းသွားအောင် မျက်နှာသွားသစ်ပြီး ပြန်အလာ
ဆရာဝန်များရုတ်ရုတ်သဲသဲ ဖြစ်နေကာ
ကျတော်ဆေးရုံ‌စောင့်တဲ့ အခန်းဘက်သို့ ပြေးလွှားနေ၍ ဘာဖြစ်သလဲ စိုးရိမ်ကာ ကျတော်ပါ ပြေးလိုက်လာခဲ့သည်။
ကျတော်မြင်လိုက်ရတဲ့ အခြေနေကတော့ မနေ့ညက ကျတော်ကယ်လာခဲ့တဲ့သူ သတိရလာကာ
သူဘာမှ မသိဖြစ်နေခြင်းအတွက် သောင်းကျန်နေတာကို မြင်လိုက်ရတယ်
သောင်းကျန်းနေတယ် ဆိုတာထက် ကျတော့်အမြင်တော့ ကြောက်လန့်နေတာမျိုးလို့ ထင်မိတယ်။ ဆရာဝန်များက အိပ်ဆေးထိုးပေးလိုက်ခါမှ ငြိမ်ကျသွားကာ ကျတော်ကို ကြည့်နေရင်းနဲ့ အိပ်ပျော်သွားလေတယ်။
ဆရာဝန်က လူနာရဲ့ အခုအခြေနေနဲ့အရဆို ခေါင်းထိထားတဲ့ နောက်ဆက်တွဲပြဿနာအရ အတိတ်မေ့တာလို့ ပြောလာတယ်
ခေါင်းထိထားတဲ့အခြေနေရော သူ့ရဲ့ ကြုံလိုက်ရတဲ့အရာပေါ် လန့်သွားတာနဲ့ပေါင်းပြီး သူ့ရဲ့အရင်အခြေနေဘာတစ်ခုမှ
မမှတ်မိနိုင်ဖြစ်သွားတာ
"ဆရာ အချိန်ဘယ်လောက်လောက်ကြာအောင် မေ့နေမှာလဲဟင်"
ဆရာဝန်ရှင်းပြအပြီး ထိုသို့ ကျတော့မေးလိုက်သည်

"အင်းး ခန့်မှန်းရတော့ခက်တယ် အချိန်ခနပဲ ဖြစ်နိုင်သလို အကြာကြီးလည်း ဖြစ်နိုင်တယ် လူနာပေါ်မှာပဲ မူတည်တယ်"
"ဟုတ်"
သပ်ပြင်ချသံဖြင့် ဖြေဆိုပြီး "Ohm" တစ်လုံးထဲသာ သိရတဲ့ လူနာရဲ့ အခန်းရှိရာသို့ပြန်လာခဲ့သည်။လမ်းမှာ သက်ဆိုင်ရာအရာရှိတစ်ခုနဲ့ ဖုန်းပြောလာခဲ့သည်။
အခန်းထဲမှာတော့ အမေကရောက်နှင့်နေသည်။

1.Don't Forget Me (Complete)Where stories live. Discover now