Don't Forget Me 💚❤️
Unicode
Part-29ကျတော်စီစဉ်ခဲ့တဲ့ ကိစ္စတွေ အားလုံးလွဲချော်ခဲ့တယ်
အဲ့တာ ဘယ်သူကြောင့်လဲ
ဘယ်သူ့ကြောင့်လဲခု နေရာစုံမှာ ရုပ်ပုံနဲ့တကွ ဖမ်းဝရမ်းထုတ်ထားတာမို့ သွားဖို့လာဖို့ တကယ်ကို ဂျင်းထဲကြပ်ထဲရောက်နေသည့် အခြေနေ တစ်ခုဖြစ်သည်။
ခု လွတ်ဖို့ဆို မှောင်ခိုလမ်းကနေ တစ်ဖက်နိုင်ငံကို ထွက်ပြေးဖို့ပဲရှိတော့တယ်။
ဒါပေမယ့် ဒီတိုင်းတော့ မပြေးနိုင်သေးဖူး တစ်ခုခု လုပ်ပြီးမှထွက်ပြေးမယ်။
ဟိုးအရင်ထဲကသူအရှေ့ကနေ တံတိုင်းလိုကာနေတဲ့
Ohm Pawat
မင်းကို တစ်ခုခုလုပ်ပြီးမှ ဒီနိုင်ငံကထွက်မယ်
ငါရဲ့ စည်းစိမ်တွေရော အရာအားလုံး မရှိတော့တာ မင်းကြောင့်
မင်းသာ ပြန်မပေါ်လာရင် ဒါတွေဟာ ဖြစ်လာစရာမရှိဘူး
ဒီလိုဒုစရိုက်တွေ လုပ်မိတာလည်း မင်းကြောင့်ဟုတ်တယ် သူသွားနေရာတွေ လိုက်စောင့်ကြည့်ရမယ်။
ကျတော် ရုပ်ဖျက်ကာ တင်းကြပ်နေတဲ့ နေရာတွေကို ပက်ရှောင်ပြီး Hotel ပတ်ဝန်းကျင် တစ်နေရာမှာ ခေတ္တခဏစောင့်ကြည့်နေလိုက်သည်။
ရုပ်ဆင်းချိန် ကျော်တဲ့ အချိန်တစ်ခုမှာ တော့
Ohm Pawat စီးနေကျကား ထွက်လာတာ တွေ့လိုက်တယ်။အဲ့ကားနောက်ကနေ လိုက်သွားခဲ့လိုက်သည်။
သွားတဲ့နေရာကတော့ သူ သွားနေကျ bar
'ငါ့ကို ဒီလိုတွေလုပ်ထားပြီး သူတို့က အောက်ပွဲခံကြတယ်ပေါ့'
ရင်ထဲမှာ နာကြည်းချက်တွေနဲ့အတူ
သူတို့ ရပ်ထားသည့် ကားပါကင်ထဲမှာပဲ ကားထိုးရပ်ထားလိုက်သည်။ဖြစ်ချင်တော့ နေရာက သူတို ထွက်လာမယ် လမ်းကြောင်းပေါ်ကို တည့်တည့်သွားလို့ရတဲ့နေရာ
ခေတ္တခဏတော့ bar ထဲ သူတို့ အခြေနေကို လိုက်ကြည့်လိုက်သည်။
အော် သူတို့တွေက ဒီလိုအခြေနေတွေကို
ငါဘာမှ မသိခဲ့ပါလား
ကိုယ့်ကိုကို ညံ့လိုက်တာလို့လည်း အပြစ်တင်မိတယ်သူတို့ အနောက်ဘက်ခပ်လှမ်းလှမ်းမှာ ထိုင်ရင်း
အရက် တစ်ခွက်လောက် ထိုင်သောက်နေခဲ့တယ်
သူတို့ပြန်မယ့် အချိန် မတိုင်ခင်မှာပဲ ကားထဲသို့ ဝင်နေရာယူခဲသည်။
![](https://img.wattpad.com/cover/304042255-288-k37282.jpg)
YOU ARE READING
1.Don't Forget Me (Complete)
Fanficကမ္ဘာကြီးမှာ ဘယ်သူ့ကိုမှ မမှတ်မိတော့ဘဲ လမ်းပျောက်နေတဲ့အချိန် မင်းသာငါ့ကို မကယ်ခဲ့ရင် .... #OhmNanon fanfic လေးပါ // ကိုယ့်ရဲ့ ပထမဆုံးလက်ရာလေးဖြစ်တဲ့ ဒီfanficလေးကို စ,စချင်းရေးသားခဲ့တဲ့အတိုင်း သိမ်းထားချင်တာမို့ စာလုံးပေါင်းအမှားအယွင်းလေးတွေ များစွာ...