Part-8 (Unicode ± Zawgyi)

955 75 6
                                    

Don't Forget Me 💚❤️

Unicode
Part - 8

ပြန်လိုက်ပို့ပေးတဲ့ ဆရာမလေးနိုကိုတောင် ကျေးဇူးတင်စကား သေချာ မပြောဖြစ် အိမ်ထဲသို့ ဝင်လာလိုက်သည်။ စိုနေတဲ့ အဝတ်တွေကို လဲလိုက်ပြီး အိပ်‌ယာပေါ်လှဲနေလိုက်သည်။
အိပ်တော့ မအိပ်ပါ။ အိပ်လို့လည်း ပျော်မည်မဟုတ်သလို Ohm လည်း ပြန်မရောက်သေးဖူးမလားးး။
Ohm ပြောလိုက်တဲ့ စကားတွေကို ပြန်ကြားယောင်ပြီး မျက်ရည်များ အလိုလိုကျလာသည်။ နှလုံးသားထဲကပါ နာကျင်ရသည်။ ကျတော် သူကို တွယ်တာနေခဲ့တာ ကြာပါပြီ။ အမြဲ တစ်ယောက်ထဲနေခဲ့ရတာကနေ သူရှိလာတဲ့အချိန်ကနေစပြီး ကျတော် အထီးကျန်တာမျိုးတွေ မရှိတော့ဘူး မလား။
ဝန်ခံရရင် Ohm ကို ‌သဘောကျတဲ့ စိတ်မျိုးဖြစ်နေပေမယ့်
လက်ခံလို့ မရသေးတာဖြစ်သည်။ ယောကျာ်းလေးတစ်ယောက်က ယောကျာ်းလေးတစ်ယောက်ကို သဘောကျတာမျိုးက ခုခေတ်မှာ ပြဿနာ သိပ်မရှိပေမယ့် ကျတော် သဘောကျတဲ့ ယောကျာ်းလေးဘက်ကရော ဘယ်လိုတုံ့ပြန်မလဲ။ Ohm ကို သဘောကျနေတဲ့ စိတ်ကို မကြာသေးခင်ကမှ ရှင်းရှင်းလင်းလင်း သိရှိလိုက်တာဖြစ်သည် ခင်မင်နေတာထက် ပိုနေတယ်ဆိုတဲ့ အကြောင်းးးး
ဒါတွေက ဆရာမလေးနို့ ကျေးဇူးကြောင့်လည်း အများကြီး ပါခဲ့တာပေါ့။
ဒါပေမယ့် ကျတော်ခံစားချက်တွေကိုတော့ ထုတ်ဖော်ပြဖို့ မရဲ‌ပါ။
ဒါတွေကို ဘာမှမသိတဲ့ Ohm
ကျတော့ကို စိတ်ပူအောင်လုပ်တဲ့Ohm
စိတ်ဆိုးအောင် လုပ်တဲ့ Ohm
သူလည်း ဘာဖြစ်နေမှန်းကို မသိတော့ဖူး
လှဲနေရင်း ကျလာတဲ့ မျက်ရည်တွေကို လက်နဲ့ သုတ်လိုက်သည်။
အဲ့အချိန်မှာပဲ အိမ်ရှေ့မှ တံခါးဖွင့်သံ ကြားလိုက်ရသည်။
Ohm ပြန်ရောက်ပြီ ထင်တယ်။ ကိုယ်ကို စိတ်တိုအောင် ပြောဆိုထားတာမို့လို့ ကျတော် ထွက်မကြည့်ဘဲ စောင်ကို ခြုံလိုက်ပြီး ဟိုဘက်ကို လှည့်နေလိုက်သည်။ သူ အပေါ်တတ်သွားတာကအစ ကျတော် ကြားနေရသည်။ ကြည့်တော့ မကြည့်ဖြစ်ပါ .....

××
ခြေထောက်တစ်ဖက်က အရမ်းနာနေပေမယ့် အားတင်းလျှောက်လာရင်း အိမ်သို့ရောက်လာခဲ့သည်။
အိမ်ထဲကို ဝင်လာရင်းနဲ့ Nanonကို ကြည့်လိုက်တော့ အိပ်ယာပေါ်မှာ အိပ်နေလေသည်။ အဲ့တာနဲ့ ခေါင်မိုးပေါ်ခန်းသို့ တက်လာခဲ့သည်။ ခြေထောက် နာနေတာနဲ့ အဝတ်စားတောင် မနည်း လဲလိုက်ရသည် ။ အားလုံး ပြီးတဲ့အခါမှာတော့ အိပ်ယာပေါ်မှာ လဲ‌လိုက်ရင်း အတွေးထဲမှာ စောစောကစိတ်တိုလို့ ပြောလိုက်တဲစကားတွေနဲ့ Nanon မျက်ရည်ကျသွားတဲ့ ပုံရိပ်တွေရှိရောက်နေလေသည်။
"ကျွတ်"
ကိုယ့်ကိုကို စိတ်တိုရင် ကျွတ်တစ်ချက် သပ်မိသည်။
ကျတော့ရဲ့ သဝင်တိုသွားတဲ့ စိတ်ကြောင့် ....
ကျတော်ကို စိတ်ပူပြီး ပြန်လိုက်ရှာတဲ့ Nanonကိုမြင်တော့ ပျော်သွားပေမယ် အနောက်မှာ ဆရာမနို မြင်လိုက်တဲ့ချိန်မှာတော့
ဘယ်လိုပြောရမှန်း မသိဘဲ စကားလုံးရင့်တာတွေ ပြောလိုက်မိသည်။ ကျတော်ကိုယ်ကျတော်လည်း စိတ်တိုသည်။
ကျတော့်ရဲ့ ဘာမှ မမှတ်မိတဲ့ အခြေနေကြောင့် တစ်ချို့အရာတွေက ရှေမတိုးနိုင် ဖြစ်နေရခြင်းအပေါ် အားမလို အားမရဖြစ်မိသည်။

1.Don't Forget Me (Complete)Where stories live. Discover now