Don't Forget Me 💚❤️
Unicode
Part-16ကားမောင်းနေပေမယ့် စိတ်နဲ့ လူနဲ့က မကပ်ချင်။
စိတ်တွေ အလွန်ရှုပ်နေလေသည်။ စိတ်ကူးထဲမှာ ကျတော့်ရှေ့ မျက်ရည်ကျသွားတဲ့ တစ်ယောက်အကြောင်းပဲရှိနေလေသည်။
ကျတော်ကို ထိုးလိုက်ပေမယ့် ကျတော် ပြန် တုံ့ပြန်မထိုးခဲ့မိပါ။ လုံခြုံရေးတွေက အရေးယူမလားဆိုတော့လည်း ခေါင်းခါခဲ့လိုက်တယ်။ကျတော် ဓါးထိုးခံရပြီးထဲက လူတွေကို အယုံကြည် သိပ်မရှိတော့ဘူး။ ခုလို မသိတဲ့ လူတွေကပ်ရင်ကို ခပ်လန့်လန့်ဖြစ်နေခဲ့မိတယ်ဆိုလည်း မမှာဘူး။
ကျတော်ကြုံခဲ့တဲ့ ကိစ္စကြီးကို ပြန်တွေးမိရင် ခုချိန်ထိ ညအိပ်မပျော်။ ခုချိန်ထိလည်း ဘာဆိုဘာမှ မမှတ်မိ။
ကျတော် အတိတ်မေ့နေတဲ့ အတော်တွင်း ကယ်တင်ထားတဲ့ သူကိုလည်း သိပြီးသား ဖြစ်နေတော့
ခု တစ်ယောက်က အဲ့တုန်က ခင်ခဲ့တဲ့သူလည်း မဖြစ်နိုင်လောက်ဘူးလို့ ကျတော်ယူဆမိ၏ ။ဘယ်သူလဲ။ လိမ်နေတာလား။ ပိုထူးဆန်းတာက
သူဆက်ဆံပုံက ယောကျာ်းလေးချင်း သူငယ်ချင်းလိုမဟုတ်ဘဲ ကိုယ့်ကို သဘောကျနေသလိုမျိုး ခံစားနေရတာ။ ထူးဆန်းတယ် ဒီတစ်ယောက်က ယောကျာ်းလေးချင်းစိတ်ဝင်စားတဲ့သူလား။ အဲ့တာကို စိတ်ပျက်သလို ဖြစ်မသွားတဲ့ ကိုယ့်ကိုကိုယ်လည်း အံ့ဩလို့ မဆုံးဖြစ်မိတယ်။အသစ်ဖွင့်မယ့် Hotelကို လိုအပ်တာ ကြည့်ပြီး အိမ်ကို စောစောပြန်လိုက်သည်။ စိတ်တွေမကြည်ဖြစ်တာရောကြောင့်
ဒီနေ့ အိမ်မှာ P'Leo ထမင်း လာစားတာတွေ့လိုက်တော့
"P' စားပြီးရင် မပြန်နဲ့ဦး
ကျတော်တို့ အလုပ်ကိစ္စလေး ဆွေးနွေးကြမယ်""အင်း အဲ့လိုပဲ လုပ်တာပေါ့"
ကျတော်တို့ ထမင်းစားသောက်ပြီး
အပေါ်ထပ်မှာ လုပ်ငန်းအကြောင်း ဆွေးနွေးကြတယ်။
"...."
"အာ့ဆို ရုံးချုပ်ကနေ ဝန်ထမ်းအချို့ ခေါ်သွားလိုက်မယ်နော်""အိုခေ လူရွေးပြီးရင်ပြောလေ"
P'Leoက အတွေ့ကြုံလည်း များနေပြီး ဒီလုပ်ငန်းတစ်ခုလုံးမှာလည်းအရေးပါတဲ့သူ ဖြစ်ပြီးသားမို့ ကျတော်ထပ် ရာထူပိုကြီးသည်။ အဲ့တာကြောင့် လေးစားသမှု့နဲ့ ခွင့်တောင်းတာဖြစ်တယ်။
YOU ARE READING
1.Don't Forget Me (Complete)
Fanfictionကမ္ဘာကြီးမှာ ဘယ်သူ့ကိုမှ မမှတ်မိတော့ဘဲ လမ်းပျောက်နေတဲ့အချိန် မင်းသာငါ့ကို မကယ်ခဲ့ရင် .... #OhmNanon fanfic လေးပါ // ကိုယ့်ရဲ့ ပထမဆုံးလက်ရာလေးဖြစ်တဲ့ ဒီfanficလေးကို စ,စချင်းရေးသားခဲ့တဲ့အတိုင်း သိမ်းထားချင်တာမို့ စာလုံးပေါင်းအမှားအယွင်းလေးတွေ များစွာ...