Part-27(Unicode±Zawgyi)

917 67 16
                                    

                  Don't Forget Me 💚❤️
Unicode
Part-27

နှာခေါင်းကို တစ်ယောက်ယောက်ညစ်လိုက်တာမို့
အိပ်ပျော်နေတာ နိုးသွားခဲ့သည်။
တစ်ယောက်ယောက်က ဘယ်သူမှ မဟုတ်ပါဖူး
ဘေးနားမှာ အရင်နိုးနေခဲ့တဲ့ Ohmပါ

"ဟာ Ohmရာ အစောကြီး နိုးနေပြီး
လိုက်နှောက်ယှက်နေတယ်"

"ကြည့်နေရင်းနဲ့ အသဲယားလာလို့"

"အင်းး"
‌အင်းဖြေရင်း ကျတော်ပြန်အိပ်ပျော်လာသည်။
အဲ့တာကို
"Non ပြန်မအိပ်နဲ့ ကိုယ့်ကို ကြည့်ဦး"

"Ohmရာ ဘာဖြစ်လို့လဲ"
အိပ်ချင်နေတာကို စိတ်မရှည်တော့ပါ။

သူက ကျတော်မျက်နှာအပေါ်ကနေ အုပ်မိုးထားပြီးကို ပါးနှစ်ဖက်ကို ညစ်ပြီး ကျတော့်ကို နှိုးနေတာ...
ပြောမရတဲ့အဆုံး ကျတော် မျက်လုံးတွေကို ဖွင့်လိုက်ပြီး

"ပြော... ဘာပြောမလို့လဲ"
ကျတော့်မျက်နှာကို ငုံ့မိုးကြည့်နေပြီး ပြောတဲ့စကားက

"ဘယ်Ohmကို ပိုချစ်လဲ"
ဟာ Ohmနဲ့တော့ တကယ် ခက်ပြီ

ကျတော် မဖြေသေးခင် Ohmမေးခွန်းကိုလည်း တကယ်ရယ်ချင်တာနဲ့ အရင်ရယ်လိုက်သည်။ပြီးမှ

"Ohm မင်းက တစ်ယောက်ထဲပဲလေကွာ..."

"မရဖူး မင်းဖြေတာ သိချင်တယ်"

အတင်းတွေဇွတ်မေးနေလေသည်။

"မင်ကရော ငါ့အတွက် ဘယ်သူအဖြစ်နဲ့ရှိနေပေးမှာလဲ"

"ကိုယ်ကတော့ Nonက Ohmကိုလိုအပ်တဲ့ချိန်ဆို Ohmအဖြစ်ရှိနေပေးပြီး
Ohm Pawatကို လိုအပ်တဲ့ချိန်ဆို Ohm Pawatအဖြစ် ရှိနေပေးမယ်"
Ohmအဖြေကို တကယ်သဘောကျပါတယ်။

အဲ့တော့ ကျတော်လည်း ကျတော့်ဘက်က သဘောထားကို ဖြေပေးရတော့မှာပေါ့

"မင်းက ငါ့အတွက်တော့ အရင်ထဲက ချစ်ခဲ့ရတဲ့ Ohmပါပဲ
မင်းကို ချစ်လို့သာ ထားသွားပြီလို့ ထင်ခဲ့တဲ့ မင်းအနားကို ထပ်ရောက်လာခဲ့တာ မဟုတ်လား
Ohmနဲ့ Ohm Pawatမှာ
ကွာခြားတာတွေရှိတယ် ဆိုပေမယ့် မင်းတစ်ယောက်ထဲပဲလေ"

Ohmရဲ့ မျက်နှာကို သေသေချာချကြည့်ပြီး လေးလေးနက်နက်နဲ့
စကာထပ်ဆက်လိုက်တယ်။

1.Don't Forget Me (Complete)Where stories live. Discover now