Pants အဖြူရောင်လေးထဲ မိုးပြာရောင်လွင်လွင် ရှပ်အင်္ကျီလေးကို ခါးထဲထည့်၀တ်ဆင်ထားသည့် ဂျွန်။ ရှည်နေသည့် ဆံပင်တချို့ကို တ၀က်စည်းကာထုံးထားသည့်ပုံစံလေးက မြင်နေကျပုံစံနှင့်ကွဲထွက်ကာ လူငယ်ဆန်ဆန် ပေါ့ပါးသည်။
သူ ဒါကိုပဲ ခဏခဏ ခိုးကြည့်နေမိတော့ ဂျွန် သူ့ဘက် စကားလှည့်အပြောမှာ အကြည့်သူခိုးလေး လူမိသည့် ဘ၀သို့ရောက်သည်။
ဒါကိုမသိသော ဂျွန်က သူစိတ်မသက်မသာဖြစ်နေသည်ထင်ကာ ပူပင်ဟန်ဖြင့် လှမ်းမေးသည်။
“ ကျွန်တော် လိုက်ခဲ့လို့ အဆင်ပြေပါတယ်နော် ဆော့ဂျင် ”
“ ဟုတ် ... ရပါတယ် ”
ရှက်ရှက်ဖြင့် ပြန်ဖြေမိပေမယ့် ဂျွန့် နှုတ်ခမ်းအောက်က မှဲ့လေးဆီသို့ အကြည့်ရောက်သော် ဟိုတနေ့လည်က မြင်ယောင်ဖူးသည့် သူ့နှုတ်ခမ်းတွေကို ဂျွန် နမ်းရှိုက်နေသည့် ပုံရိပ်က တဖန်အတွေးထဲ ရောက်လာပြန်သည်။
ကျစ်! ဒီခေါင်းနဲ့တော့ ခက်နေပြီ။ အသိကပ်စမ်းပါဦး။ သူတိုးတိုးလေးပြောကာ အတွေးတွေကို စိတ်နှင့်လူ ကပ်အောင် နားထင်နေရာလေးကို ခပ်စပ်စပ် ရိုက်လိုက်သည်။
“ ဟို ... ဟို ကျွန်တော် ကားပေါ်ကပဲ စောင့်မယ်နော် ဂျွန် ”
ဂျွန့်ရှေ့မှာ ထပ်ရပ်နေမိလျှင် သူ့အတွေးတွေ ဒီထပ်ပိုဆိုးလာမှာစိုးလို့ ရှောင်ထွက်ခဲ့လိုက်သည်။ ထင်ချင်သလိုသာ ထင်တော့ ဂျွန်ရေ။
သူ အိမ်ရှေ့ကိုရောက်တော့ မယ်မယ်ကသူ့လက်လေးကို ဆွဲယူကာ ကျေးဇူးတင်စကားဆိုသည်။ အိမ်ထဲမှာ လအတော်ကြာပိတ်မိနေသည့် သူတို့သားက စိတ်ပြေလက်ပျောက် အပြင်ထွက်မည်ဆိုတော့ သူမမှာ အတော်လေး၀မ်းသာနေရှာသည်။
“ ငယ်ငယ် ဒီလို ပြောင်းလဲသွားတာ ၀မ်းသာလိုက်တာ ဆရာလေးရယ်။ မယ်မယ်ဖြင့် သူဒီတသက် အပြင်မထွက်တော့ဘူးတောင် ထင်နေတာ ”
“ သူကိုယ်တိုင်လည်း အများကြီးကြိုးစားနေတယ်ထင်ပါတယ် မယ်မယ်။ ကျွန်တော် သခင်လေးကို ကောင်းကောင်းခေါ်သွားပြီး ပြန်ပို့ပေးပါမယ် ”
YOU ARE READING
MINE