ဆောင်းအငွေ့အသက်တို့ ကင်းစင်စပြုလာပြီမို့ နွေဦးသဏ္ဍာန်က ရေးရေးလေးပေါ်လာချေပြီ။ ရွက်ဝါတွေ လွင့်ကြွေနေတတ်ပြီး လေရူးလည်း မြူးသောကာလဖြစ်သည်။
မနက်အစောပိုင်းဆို ဆောင်း၏ လက်ကျန် မြူများဆိုင်းနေတတ်သေးကာ တောင်တွေကြားက နေထွက်လာတာကို စောင့်ကြည့်ရတာက ခံစားမှုရသတစ်မျိုးကို ဖြစ်ပေါ်စေသည်။
ဆော့ဂျင် ဒီမြို့လေးကို ရောက်လာတာ ၃ရက်ရှိပြီဆိုတော့ ကင်မ်ထယ်ယောင်း သတိပြန်ရလာတာလည်း ၃ရက်ရှိပြီဟု ပြောလို့ရသည်။ ပြီးတော့ ဂျွန် နှင့် သူ စကားသေချာ မပြောဖြစ်ခဲ့တာလည်း အတိအကျ ၃ရက် ... ။
၃ရက်ဆိုတာ နာရီအားဖြင့် ၇၂နာရီ
မိနစ်အားဖြင့် ၄,၃၂၀ မိနစ်
စက္ကန့်အားဖြင့် ၂၅၉,၂၀၀
သတိရခြင်းအားဖြင့် အနန္တ
အောက်မေ့ခြင်းအားဖြင့် ကုဋေကုဋာ ... ။ဆေးရုံခြံ၀န်း၏ ဘေးဘက်ရှိ မြက်ခင်းစိမ်းလေးတွင် ပျော်ရွှင်နေကြသော အချစ်ဌက်လေးနှစ်ကောင်ကတော့ အလွမ်းဒဏ်သင့်နေသည့် သူ့ကို သတိထားမိကြဟန်မပေါ်။ ကုတင်ပေါ်တွင် အချိန်ကြာမြင့်စွာ လဲလျောင်းနေခဲ့ရသည့် ချစ်သူကောင်လေးအား ကြင်နာစွာဖြင့် လမ်းအတူ ကူညီလျှောက်ပေးနေပါသော ဂျွန်။
မကြာသေးသော ရက်ပိုင်းတွေက သူ ရရှိဖူးခဲ့သည့် နူးညံ့လွန်းသည့် မျက်၀န်းရိပ်လေးများသည် ယခုအခါတွင်တော့ မျက်၀န်းပြာနှင့် လူသားလေးအပေါ်တွင်သာ ရစ်ဝဲလို့နေတော့သည်။
ချစ်သူတွေလည်း မဟုတ်ခဲ့ပါပဲနှင့် တကိုယ်တည်း အသည်းကွဲနေရသော ခံစားချက်သည် တကယ်တမ်း တွေးကြည့်လျှင် နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်သည်။ ထုတ်ဖော်ခွင့်လည်းမရှိသလို လူသိခံလို့လည်းမဖြစ်။
အဘယ်ကြောင့်ဆိုသော် ဂျွန်သည် ဘယ်တုန်းကမှ သူ့ကိုချစ်ပါသည်ဟု ၀န်မခံခဲ့ဖူးပါ။ သူ့ဘက်ကသာ တဖက်သက် ခံစားချက်တပုံတပင်ဖြင့် မိုးသည်းညက အနမ်းများအား အရူးရင့်နေခဲ့ခြင်းဖြစ်သည်။
" ပျင်းနေပြီလား ဆရာ၀န်လေး "
ကော်ဖီတစ်ခွက်နှင့် အတူ နှုတ်ဆက်လာသည့် ဂျွန့်၏ အစ်ကို ဂျွန်ဂျောင်ဟွန်း။ ဆုံသည့်အချိန်တိုင်း အမြဲတမ်း Smart ကျနေတတ်ကာ လူကြီးလူကောင်းဆန်သော သူတစ်ဦးဖြစ်သည်။
YOU ARE READING
MINE