MINE [12]

2.2K 284 65
                                    

မြို့ပြကို ကျော်လွန်လာသည်နှင့် လမ်းဘေးတစ်ဖက် တစ်ချပ်ဆီမှာ နေရာယူလာသည်က ရင်သပ်ရှုမောဖွယ် သဘာ၀အလှတရားများ။

ညနေ ၅နာရီလောက် ဆော့ဂျင်ကို ဆေးရုံကကြိုလာခဲ့ပြီး နေ၀င်ဆည်းဆာနှင့်အပြိုင် သူတို့ကားလေး တရိပ်ရိပ် ခရီးနှင်နေခဲ့သည်။

စိမ်းမြနေသည့် စိုက်ခင်းတွေအလွန်မှာ ခပ်ပျပျလေးသာ မြင်နေသည့် တောင်တန်းသွယ်ကြီးတွေ၊ ၀င်လု‌ဆဲ ပုဇွန်ဆီရောင် နေမင်းကြီး၏ တောင်တန်းတွေအပေါ် မေးတင်ကာ တစ်နေ့တာကို နှုတ်ဆက်နေသည့်ပုံ။ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားနိုင်သော အလှတရားတွေဟာ မျက်စိတဆုံး ကပ်ငြိပါလာသည်။

ဘေးခုံမှာ အသံတစ်ချက်မထွက်ပဲ သဘာ၀ရှုခင်းခံစားနေသူက ဖန်ဂေါ်လီလို မျက်၀န်းကြည်ကြည်တောက်တောက်လေးတွေ တဖျပ်ဖျပ်နှင့် ဖြစ်သည်။ ဆည်းဆာနေခြည် ဖြန်းထားသည့် ပါးပြင်လေး တစ်ဖက်သည် ၀င်းပလို့နေပြီး တသက်မမေ့နိုင်စရာ ပန်းချီကားတစ်ချပ်လေးလို လှပသည်။

“ ခရီးမထွက်ဖြစ်တာ ကြာပြီလား ဆော့ဂျင် ”

“ အမ်! ဟုတ်တယ် ... ဂျွန်။ ကျောင်းပြီးထဲက မသွားဖြစ်တာ ”

ကားမှန်အပြင်ဘက်ကို အငေးမပျက်ပဲ ဖြေဆိုလာသူလေးကြောင့် အပြည့်အ၀ ကြည့်ရှုလို့ရစေရန် ဂျောင်ကု ကားမှန်တွေကို ချပေးလိုက်သည်။ မှန်တံခါးတွေ ပွင့်သွားသည်နှင့် တဟူးဟူး၀င်လာသည့်လေတွေကြောင့် ဆော့ဂျင်၏ ကော်ဖီရောင် ဆံသားညိုလေးတွေ ဝေ့ဝဲကာ လေနှင့်အတူ ယိမ်းနွဲ့လို့နေသည်။ ကားခေါင်မိုးလေး ပြတင်းလေးပါ ဖွင့်လိုက်တော့ ဆော့ဂျင်က သူ့ကို လှည့်ကြည့်သည်။

“ မတ်တပ်ထရပ်ချင်လို့လား ”

သူ့အဆိုကို ထောက်ခံကြောင်း ဆော့ဂျင်က ခေါင်းကိုတစက်စက် ငြိမ့်ပြသည်။ သူ့အဖြစ်က မသိရင် စာမေးပွဲဖြေပြီးတဲ့ သားငယ်လေးကို အပန်းဖြေခရီးလိုက်ပို့နေရသည့် အဖေကြီးတစ်ယောက်လို။

“ ဝူး ~~~~~ ဟူး ”

ကားခေါင်မိုး ပြတင်းပေါက်ကို ထွက်ရပ်နေသူက အပျော်တွေကို ထိန်းရပုံ မပေါ်တော့။ လက်တွေပါ ဝှေ့ယမ်းနေပြီး တကယ် အပျော်ကြီး ပျော်နေသည့်ပုံ။ အပျော်တွေဟာ ကူးစက်တတ်တာမို့ ဆော့ဂျင် နည်းတူ သူ့မှာလည်း လမ်းတလျှောက်လုံး ပြုံးလိုက် ရယ်လိုက်ဖြင့် ခရီးဆက်ခဲ့ကြသည်။

MINEWhere stories live. Discover now