MINE [5]

2.2K 274 43
                                    

“ သူဆိုတာ ... ကျွန်တော် အသက်ရှင်နေရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်လေ ”

သေချာပေါက် ဖြေဆိုပေးလိမ့်မည်ဟု မျှော်လင့်မထားသော်လည်း သခင်လေးဂျွန်က သူ့အမေးကို ကောင်းကောင်းမွန်မွန် ဖြေပေးလာသည်။

နောက်မေးခွန်းများ ဆက်လက်မေးမည်ဟု ရည်ရွယ်ထားသောစိတ်များသည် မထင်မှတ်ထားသော စကားတစ်ခွန်းမှာ ခဏတာ တုံ့ဆိုင်းသွားသည်။ ဒါကို သခင်လေးက သတိထားမိသည် ထင်သည်။ ခေါင်းအနည်းငယ် ငဲ့စောင်းကာ ရယ်မောဟန်ပြုသည်။

“ အင်းးးး ... ချစ်သူဆိုလို့ မိန်းကလေးလို့ ဒေါက်တာက ထင်ထားပုံပဲ။ ဒီလိုတကယ်ထင်နေခဲ့ရင် ဒေါက်တာလဲ မျက်မှန်အမည်းကြီးတပ်ပြီး လောကကြီးကို ဘောင်ခတ်ကြည့်တဲ့သူတွေနဲ့ မခြားပါဘူး ”

“ ကျွန်တော် အဲ့လိုရည်ရွယ်တာမဟုတ် ... ”

“ ကျွန်တော်နဲ့ သူ့အကြောင်းတွေ သိချင်တာလား ? ”

စိတ်ကောင်း၀င်နေသော သခင်လေးက စိတ်လိုလက်ရ စကားလမ်းကြောင်းဖွင့်ပေးသောအခါ စိတ်မပြောင်းသွားခင် သူခပ်မြန်မြန်လေး ခေါင်းကို တဆက်ဆက် ငြိမ့်ပြမိသည်။

“ ဇာတ်လမ်းအစအဆုံးကိုတော့ ကြုံရင် ကြုံသလို ပြောပြပါ့မယ်။ ခု‌တော့ အရေးကြီးတာတစ်ခုပဲ သိထားပေးရင် ရတယ် ”

“ အရေးကြီးတာ ... ? ”

“ ဟုတ်တယ်။ အဲ့ဒါက မယ်မယ်နဲ့ တခြားသူတွေ ထင်နေသလို ကင်မ်ထယ်ယောင်း ကသေဆုံးသွားတာမဟုတ်ပဲ ဒီလောကကြီးထဲမှာ ရှိနေသေးတယ်ဆိုတာပဲ ”

“ ဆိုလိုတာက ... ကင်မ်ထယ်ယောင်းဆိုတဲ့ သခင်လေးရဲ့ ချစ်သူက သက်ရှိထင်ရှားရှိနေတယ်လို့ ပြောချင်တာလား ”

သခင်လေးက ခေါင်းတချက်ငြိမ့်ကာ ပြတင်းပေါက်နား သွားရပ်သည်။ လေအဝှေ့မှာ လှိုင်းတွန့် အနည်းငယ်ပါ၀င်သော ဆံပင်ရှည်တွေ လွင့်ပါ‌နေပြီး ခပ်ဆွေးဆွေးပုံစံနှင့် အမျိုးသားသည် မျက်တောင်မခတ်မိနိုင်လောက်အောင် ဆွဲဆောင်မှုရှိလွန်းနေသည်။

“ ကျွန်တော် ထင်တာ ဒေါက်တာရယ်၊ ကျွန်တော်ရယ်၊ ထယ်ယောင်းရယ် ကြားမှာ တစ်ခုခုထပ်ရှိလာဦးမယ်လို့ ထင်နေတယ် ”

MINEWhere stories live. Discover now