MINE [3]

2.1K 267 50
                                    

ခေါင်းငိုက်စိုက်ဖြင့် လျှောက်လာရင်း လှေကားထိပ်‌နားအရောက် အိမ်အကူကောင်မလေးက သူ့အခန်းဘက်ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေတာ တွေ့ရသည်။

" ၀င်မှာဖြင့် ၀င်။ ထွက်မှာဖြင့် ထွက်။ ငါ့အခန်းရှေ့မှာ လာမရှုပ်နဲ့။ သွား! "

" ဟို ... ဟို သခင်လေး ... အစ်ကိုလေးဆော့ဂျင်လေ သခင်လေး အခန်းထဲ ခဏ၀င်ကြည့်မယ်ဆိုပြီး ၀င်သွားတာ။ ခဏနေတော့ အော်သံတစ်ချက်ကြားပြီး ပြန်ထွက်မလာဘူး သခင်လေး "

ငိုမဲ့မဲ့နှင့် မူဟယ် ပြောစကားအဆုံးမှာ သူ့မျက်ခုံးတွေ မြင့်တက်သွားသည်။ သူ့ခွင့်ပြုချက်မရှိပဲ အခန်းကို ၀င်ကြည့်လို့ စိတ်ဆိုးတာထက် အခန်း၏လက်ရှိအခြေအနေကို သူပို၍ စိတ်ပူသွားသည်။

ခြေလှမ်းကျယ်များဖြင့် လှမ်းကာ အခန်းထဲသို့ ၀င်မည်အပြု သတိတစ်ချက်၀င်လာတာကြောင့် ရပ်စောင့်နေသူ မိန်းကလေးဘက်သို့ လှည့်ကာ။

" ဒေါက်တာနဲ့ ငါ အေးအေးဆေးဆေး ဆွေးနွေးစရာရှိတယ်။ ငါ ထွက်မလာ မချင်း အခန်းနားကို ဘယ်သူမှ မကပ်စေနဲ့။ ကြားလား! "

" ဟုတ် ... ဟုတ်ကဲ့ သခင်လေး "

" နင်လဲ မစောင့်တော့နဲ့။ အောက်ကို သွားတော့ "

သူ့ စကားဆုံးတာနှင့် မူဟယ်က လှေကားပေါ်မှ တချိုးထဲ ပြေးဆင်းတော့သည်။ အခန်းထဲက မဟုတ်မခံ ဆရာ၀န်လေး အခြေအနေလေးကို သူသိလိုဇောဖြင့် အခန်းတံခါးကို ဖွင့်လိုက်သည့်အခါ။

" အဟွတ်! အဟွတ်! "

တံခါးဖွင့်ဖွင့်ချင်းမှာ နှာခေါင်းထဲ ၀င်လာသော ဆေးလိပ်ငွေ့များ။ အလုံပိတ်အခန်းဖြစ်တာမို့ ‌အသက်ရှုရခက်သည်အထိ အငွေ့များက ထောင်းထောင်းထနေသည်။

မရှင်းလင်းသည့် မြင်ကွင်းမှာ ဆရာ၀န်ဆိုသူကို မတွေ့တာကြောင့် သူ လိုက်ကာစများ ဆွဲတင်ရန် အခန်းထောင့်ဘက်သို့ လျှောက်သွားရသည်။

" မောင် "

နွေးထွေးစွာ ဖက်တွယ်လာသည့် ကိုယ်ငွေ့လေးက သူ့‌နောက်ကျောဘက်ဆီမှာ။ သူ တွန့်ခနဲ ဖြစ်သွားမိသည်။ ဒါ ဘယ်သူလဲ ?

MINEWhere stories live. Discover now