ဒေါက် ... ဒေါက်
" ဒေါက်တာဂျွန်ရှင့် ... ကျွန်မ မီဟီးပါ "
" ၀င်ခဲ့ပါ ဆရာမ "
ဆရာမမီဟီး ၀င်လာတာမို့ ကြည့်လက်စ ဆေးမှတ်တမ်းတွေကို ခဏဘေးချကာ ပြောမည့်အကြောင်းအရာကို နားစွင့်လိုက်သည်။
တောင်ပေါ်သူ ဆရာမလေးက ဒေသသံ ခပ်ဝဲဝဲလေးဖြင့် သူ့ကို ခပ်တိုးတိုးကပ်ပြောသည်။
" အရေးပေါ်အခန်းက လူနာလေးက နာမည်ကြီးတွေထဲက တစ်ယောက်ယောက်များလား ဒေါက်တာ "
မဆီမဆိုင်အမေးကြောင့် မျက်မှန်အောက်က သူ့မျက်ခုံးများ အပေါ်ကိုမြင့်တက်သွားသည်။ ဘယ်လို အဆက်အစပ်မရှိသည့် မေးခွန်းမျိုးလဲ။
" ဘာဖြစ်လို့လဲ ဆရာမ "
" ပြီးခဲ့တဲ့ အပတ်လောက်က စပြီး ထူးဆန်းတဲ့ဖုန်းကောလ်တွေ ဆက်တိုက်၀င်လာတယ် ဒေါက်တာ၊ ပြီးတော့ ဓာတ်ပုံတစ်ပုံပြပြီး ဆက်တိုက်လာစုံစမ်းနေတဲ့ သူတွေလည်းရှိတယ် "
" ဆရာမက ဘယ်လိုထင်လို့လဲ "
" ကျွန်မတို့ ဆေးရုံမှာ လူနာတိုင်းက မှတ်တမ်းအတိအကျရှိပေမယ့် အရေးပေါ်ခန်းထဲက လူနာလေးကတော့ ဘာမှတ်တမ်းမှ တိတိကျကျရှိမနေဘူး။ ကျွန်မ စိတ်ပူတာ ဒီလူနာလေးနဲ့ ပတ်သက်ပြီး ဒေါက်တာ့ကို တစ်ခုခုထိခိုက်လာမှာမျိုး ... "
ဆရာမ စကားအဆုံးမှာ သူ ခပ်ဖွဖွရယ်ဖြစ်သည်။ ရိုးသားသော တိုင်းရင်းသူလေးက ကလေးငယ်နှင့် ပတ်သက်ပြီး သူ့ကို စိုးရိမ်နေပုံရသည်။ ဒါတွေထပ် ဒီလို စုံစမ်းမှုမျိုးတွေ ရှိလာပြီဆိုတော့ကာ တဖက်က သတင်းအစအန လိုက်မိသွားတာ ဖြစ်ရမည်။
" နောက်တခါ အဲ့လို ဖုန်းကောလ်တွေ၊ လာမေးတဲ့သူတွေရှိရင် ကျွန်တော့်ကို တိုက်ရိုက်လွှဲပေးပါ ဆရာမ။ ပြီးတော့ အရမ်းလည်း စိတ်မပူပါနဲ့၊ ကျွန်တော်ကောင်းကောင်း ဖြေရှင်းပေးပါ့မယ် "
" ကျွန်မက ဒေါက်တာ့ကို ထိခိုက်လာမှာပဲ စိုးတာပါ။ အဲ့ဒါကြောင့် ဒီရက်ပိုင်း ဂရုစိုက်ဖို့ အသိပေးချင်တာပါ "
" ကျွန်တော် နားလည်ပါပြီ။ မီဟီးလည်း လုပ်စရာရှိတာ သွားလုပ်ပါ။ ဆေးမှတ်တမ်းတွေ ဖတ်နေတာပြီးရင် Ward ထဲ Round ဖို့ ကျွန်တော်လာခဲ့ပါ့မယ် "
YOU ARE READING
MINE