စိတ်မော လူမောဖြင့် တညတာ ကုန်ဆုံးခဲ့ပြီးနောက် နေ့သစ်သည် အစပျိုးလို့လာခဲ့ပြန်သည်။ နိုးတ၀က် တဒင်္ဂလေးမှာ တစုံတဦးက စိုက်ကြည့်နေသလို ခံစားရသဖြင့် လေးလံနေသည့် မျက်ခွံတွေကို အားယူကာ ဖွင့်ကြည့်မိတော့ ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်။
လက်ထဲမှာ ဝါးခြမ်းပြားလို ခပ်သေးသေး ဝါးတုတ်တံရှည်ကို ကိုင်ထားပြီး ၀တ်ဆင်ထားသည့် ဂျင်းဘောင်းဘီ နွမ်းနွမ်းလေးမှာလည်း ဖာရာ ထေးရာ ဗလပွဖြင့်ပင်။ ထိုကောင်လေး ၀န်းကျင်မှာလည်း သိုးလေးတွေတွေ့ရတာမို့ ကြည့်ရတာ သိုးကျောင်းသားလေး ဖြစ်ဟန်တူသည်။ ဆော့ဂျင် သူ့ကို ပြန်ကြည့်စိုက်နေတာ တွေ့တော့ အနှီကောင်လေးက သွားကျိုးလေးတွေ ပေါ်အောင် လှမ်းရယ်ပြသည်။
အကူအညီရလိုရငြား ထိုကလေးငယ်အနား သွားမယ်ကြံတော့ မိမိ ခေါင်းပေါ် တခြမ်းစောင်းဖိအိပ်နေသည့် ကလေးကြီး၏ ခေါင်းကို အရင်ဖယ်ဖို့လုပ်ရသည်။
“အင်း ~~~ ”
ဂျွန်က သူ့ပေါ်ခေါင်းမှီတင်ကာ အိပ်နေတာမို့ ကိုယ်ကိုရို့ကာ အသာဖယ်ထွက်တော့ ခေါင်းလုံးလုံးက တအိအိဖြင့် လျှောကျလာကာ ဆော့ဂျင်၏ပေါင်ပေါ်သို့ရောက်သွားသည်။ တညလုံးကင်းစောင့်မည့်သူက ခုတော့ ဘေးနားမှာ ဆင်လာအော်လျှင်တောင် နိုးမည့်ပုံမပေါ်တော့၊ မိမိပေါင်ကို ခေါင်းအုံးသဖွယ် အုံးစက်ကာ ကိုယ့်အိမ် ကိုယ်ယာလို စိတ်ချလက်ချ အိပ်မောကျနေသည်။
ဆော့ဂျင်လည်း ကျောပေါ်မှာ ခြုံထားသည့် ကုတ်အင်္ကျီကို ဆွဲယူကာ ခေါက်လိုက်ပြီး ကာလနဂါးမင်း၏ ခေါင်းအောက်သို့ ထိုးထည့်ပေးခဲ့ကာ သိုးကျောင်းသား ကောင်လေးထံသို့ သွားလိုက်သည်။
“ ညီလေးက ဒီနားမှာ နေတာလား ”
“ ..... ”
ကောင်လေးက စကားမပြော၊ ခေါင်းကို တွင်တွင်ငြိမ့်ကာ ရယ်ပြသည်။
“ ဟို အစ်ကိုတို့က လမ်းမှားပြီး ရောက်လာတာ၊ ခုရောက်နေတဲ့နေရာက ဘယ်နေရာလဲဟင် ”
ဆော့ဂျင် ဘာမေးမေး ပြန်မဖြေသူကောင်လေးက ပါးစပ်ကို လက်ညှိုးထိုးကာ လက်တခါခါ ခေါင်းတခါခါလုပ်ပြသည်။ ထိုအခါမှ ဆော့ဂျင် နားလည်လိုက်တာက ဒီကောင်လေး စကားမပြောတတ်ခြင်းပင်။ သူ အကြံအိုက်သွားကာ လက်ဟန်ခြေဟန်ဖြင့် ကောင်လေးကို ဆက်သွယ်ဖို့ ကြိုးစားရပြန်သည်။
YOU ARE READING
MINE