“ ပျော်ဖို့ကောင်းလား ”
မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် သူ့ကို မေးလာပုံက ထီမထင်သလို မျက်နှာထားလေးနှင့်အတူ မေးဖျားသွယ်သွယ်ဟာလည်း ခပ်မော့မော့။
“ ..... ”
လေသံလေးကြားရုံဖြင့် လွမ်းစိတ်ကလှိုက်တက်လာသောအခါ မျက်စိရှေ့က လူသားငယ်ကို ရင်ခွင်ထဲ တင်းတင်း ကြပ်ကြပ် ထွေးပွေ့မိသည်။
“ လွှတ် ”
“ ဘာလို့ အဲ့လိုထင်ရက်ရတာလဲ ... ဟင် ”
“ ဒါဆို တနေ့လုံး ဆရာ၀န်လေး အပြုံးတွေထဲမှာ နစ်မြောနေတဲ့သူက ဟန်ဆောင်ကောင်းနေခဲ့တာလား ? ”
အသက်ဟာ အလိုမကျသံတွေ ရောစွက်နေကာ သူ ဖက်ထားတာကို မကြည်ဖြူစွာ ရုန်းကန်နေခဲ့သည်။ လွမ်းနေရသည့်သူကို မစာမနာ ချစ်ရသူဟာ အညှိုးကြီးနိုင်လွန်းသည်။
ရင်ခွင်ထဲမှာ ရုန်းကန်နေသည့် အားသေးသေးလေးတွေ အလိုလိုပြေလျှော့သွားမှ သူ ငုံ့ကြည့်မိသည်။ အင်းး ဘယ်လိုပဲ အသက် ဆိုပါစေဦး၊ မြင်နေရသည်က ဝိုင်အရှိန်ကြောင့် နီမြန်းစပြုလာသည့် ပါးရဲရဲလေးနှင့် နှုတ်ခမ်းဖူးဖူးထော်ထော် ကောင်လေး။
မှေးစက်နေသည့်မျက်၀န်းပြာတွေ ပွင့်လာမှ ရင်ခွင်ထဲကသူဟာ အသက် ဆိုတာကို သူပြန်နှလုံးသွင်းရသည်။
“ မင်းကို တွေ့ရမလားလို့ ကြိုးစားမိရုံပါပဲ။ ဒါထပ်မပိုပါဘူး။ ဆော့ဂျင်လေးကြောင့်ပဲ မောင်တို့ခုလို ပြန်တွေ့ရတာမဟုတ်လား ”
“ ..... ”
“ ပြီးတော့ သိပ်မကြာခင် မင်းရှိတဲ့နေရာကို မောင်ရောက်အောင် လာခဲ့မယ် ”
“ သိ ... သိရပြီလား ... ဟင်? အဟင့် ... ဘယ် ရောက်နေတာတဲ့လဲ ”
ငိုချင်စိတ်ကို ထိန်းချုပ်ထားတာမို့ အသက်၏ အသံဟာ အဖျားခတ်နေပြီး နှုတ်ခမ်းသားတွေက တစက်စက်တုန်ရီနေသည်။ သူ နားလည်သည်။ ဒီလို လွင့်မြောနေရတဲ့ ဘ၀ကြီးမှာ ချစ်ရသူဟာ ဘယ်လောက်တောင် အထီးကျန်စိတ်အားငယ်နေခဲ့ရမလဲဆိုတာ။
ဆော့ဂျင်နှင့် မတော်တဆဆုံမိပြီး နောက်ပိုင်း ဒီခန္ဓာကိုယ်ကို ကပ်ပါးကောင်လို အသုံးချကာ တွေ့ရသည့် သူတို့နှစ်ယောက်၏တွေ့ဆုံမှုကလည်း ပျော်ရမယ်ထင်ထားပေမယ့် တကယ်တမ်း ကြေကွဲ၀မ်းနည်းစရာသာ ကောင်းနေခဲ့သည်။
YOU ARE READING
MINE