ဆုံးရှုံးမှုတွေများခဲ့သော သူ့အား ဘုရားသခင်က ဆုလာဘ်တစ်ခု ပေးသနားတော်မူသည် ထင်သည် ။ လောကမှာ သွေးသားအရင်းအခြာဟူ၍ ကွယ်လွန်သွားသည့် မာမီကလွဲလျှင် မရှိသော သူ့အတွက် ညီငယ်လေး တစ်ဦး လက်ဆောင်ရခဲ့သည် ။
“ ကမ္ဘာသည် ကျဉ်းသည် ” ဟူသော အဆိုအား ယခု တိုက်ဆိုင်မှုကို အကြောင်းပြုပြီး ယုံကြည်ရတော့မည် ဖြစ်သည် ။ ဆော့ဂျင်သည် မောင့်၏ အချစ်များကို အပြည့်အ၀ ပိုင်ဆိုင်ထားသည့်တိုင်အောင် သူ့စိတ်ထဲ နာကျည်း မုန်းတီးစိတ်ဟူ၍ မြူမှုန်လေးမျှတောင် မရှိခဲ့ ။ သွေးကပြောသော ခံစားချက်များ ထင်သည် ။ ထို့ကြောင့်ပင် စိတ်နှင့် ခန္ဓာဝေးကွာစဉ်ကာလများက ဆော့ဂျင်၏ ခန္ဓာကိုယ်ထဲသို့ သူ့ဝိဉာဉ် ၀င်ရောက်နိုင်ခဲ့ခြင်း ဖြစ်ရမည် ။
“ ဖေဖေ့ကို နှုတ်ဆက်လိုက်ပါဦး ကိုကိုထယ် ”
နှာသီးဖျားလေး ရဲရဲနီကာ ရှိုက်ငိုနေဆဲဖြစ်သော ၁၅ မိနစ်ငယ် ညီလေးသည် ဖေဖေ့အရိုးပြာအိုးထားရာ မှန်ဘောင်လေးရှေ့သို လက်ဆွဲ ခေါ်လာသည် ။
“ တော်ပြီလေ ... ငိုလို့မ၀သေးဘူးလား ။ ကိုကိုတို့ ဖေဖေ့ကို တူတူနှုတ်ဆက်ရအောင်နော် ။ မငိုနဲ့တော့ ”
ခေါင်းလေး တစက်စက်ငြိမ့်ကာ ငိုသံတွေ ထွက်မလာအောင် တားဆီးလိုက်ပုံရသော်လည်း ဆော့ဂျင်လေးသည် တချက် တချက် ရှိုက်နေဆဲ ။ နောက်ဆုံး စိတ်ငြိမ်သွားသည့် အချိန်ရောက်မှ ဖေဖေ့ကို ဂါရ၀ပြု နှုတ်ဆက်ခဲ့ကြသည် ။
“ ကိုကိုသိလား ။ တကယ်တော့ ကျွန်တော် ညံ့ခဲ့တာ ။ ဖေဖေက မေမေ့ကို စိတ်နာပြီး ကိုကိုတို့အကြောင်းတွေ မပြောပြခဲ့ပေမယ့် သူ မူးလာတိုင်း မေမေ့နာမည်နဲ့ ကိုကို့နာမည်ကို ရွတ်ပြီး တိတ်တိတ်လေး ငိုလေ့ရှိတယ် ။ အဲ့ဒီတုန်းက ကျွန်တော်ကလည်း ငယ်လွန်းတော့ တချို့အကြောင်းအရာတွေ သေချာမမှတ်မိခဲ့ဘူး ”
“ ၀မ်းနည်းစရာကောင်းတဲ့ အမှတ်တရတွေကို အတိတ်မှာပဲ ထားခဲ့ပြီး ခုချိန်ကစပြီး ကိုကိုတို့ ပျော်ပျော်ပဲနေရအောင် ။ မိဘတွေအစား လေးလေးကို ပိုစောင့်ရှောက်ပေးကြတာပေါ့ ။ ဟုတ်ပြီလား ”
YOU ARE READING
MINE