ဆော့ဂျင်က ကိုယ်ပိုင်ဆေးခန်းဖွင့်ထားခြင်းမရှိပဲ ဆေးရုံကြီးတချို့မှာသာ အချိန်ပိုင်းထိုင်သည်။ စိတ်ကုထုံးကုသလိုသော ရင်းနှီးသည့် လူနာအနည်းငယ်အတွက်သာ သူ့အိမ်မှာ ဆွေးနွေးပေးတတ်သည်။
ဆေးရုံမသွားရသည့်နေ့များတွင်တော့ သူ အားလပ်တတ်ကာ စာအုပ်ဖတ်တာဖြစ်ဖြစ်၊ လေးလေး မီးဖိုခန်း၀င်တာ ကူညီတာပဲဖြစ်ဖြစ် လုပ်ပေးလေ့ရှ်ိသည်။
“ ဂျင်လေး ဒီပိတ်ရက်ရော လူနာကြည့်သွားရဦးမှာလား ”
ဆွေမျိုးအရင်းအခြာဆိုလို့ ဦးလေးဆောင်မင်တစ်ယောက်သာ ရှိသည်။ မွေးဖွားပေးခဲ့သည့်မိဘများကိုလည်း ဓာတ်ပုံထဲတွင်သာ မြင်ဖူးပြီး သားအရင်းလေးသဖွယ် ချစ်ပေးသော လေးလေးကသာ သူ့အတွက် အစားထိုးမိဘပင်။
“ ဟုတ်တယ် လေးလေး။ ဆော့ဂျင်နီးလေးက ထပ်သွားရဦးမှာ ”
စာဖတ်နေသည်မို့ တပ်ထားသည့် မျက်မှန်အဝိုင်းလေးကို ချွတ်လိုက်ပြီး နှုတ်ခမ်းလေးထော်ကာ လေးလေးကို ချွဲလိုက်သည်။ တည်ငြိမ်အေးဆေးပြီး အမြဲတမ်းပြုံးနေတတ်သည့် စိတ်ဆရာ၀န်လေးလည်း ချစ်ခင်ရသူတွေရှေ့တွင်တော့ ချစ်ဖို့ကောင်းအောင် ပြုမူတတ်ပါသည်။
“ လေးလေးလည်း နောက်အပတ်ထဲ ဂျပန် သွားဖို့ရှိတယ် သား ”
“ လေးလေး သူ့ကို ထပ်ရှာဦးမလို့လား ”
“ ပျောက်သောသူ ရှာလျှင်တွေ့ပဲ သားရယ်။ ရှာရမှာတော့ ကိုယ့်တာ၀န်ပေါ့ ”
လေးလေးက သက်ပြင်းတစ်ချက်ချကာ သူထိုင်နေသည့် ဆိုဖာခုံ၏ မျက်နှာချင်းဆိုင်တွင် စာစောင်တစ်ခုယူကာ ထိုင်ဖတ်သည်။ နည်းပညာတွေ ဘယ်လောက်တိုးတက်နေနေ လေးလေးကတော့ သတင်းစာ ဖတ်ရမှ ကျေနပ်သူဖြစ်သည်။
ဒါပေမယ့် ထူးဆန်းတာတစ်ခုက လေးလေးရှာဖွေနေသောသူ ဘယ်သူဆိုတာ သူသေချာမသိ။ မေးသည့်အခေါက်တိုင်းလည်း အချိန်တန်လျှင်သိရမည် ပြောကာ စကားစဖြတ်တတ်သည်။ သေချာတာကတော့ ထိုလူသည် လေးလေးအတွက် အရေးပါသောသူတစ်ဦးပင် ဖြစ်ပါလိမ့်မည်။
သားအဖလို နေကြပေမယ့် လေးလေး မသိစေလိုသေးသော ကိစ္စကို သူ့ဘက်ကလည်း အတင်း၀င်ရောက်စွက်ဖက်ခြင်းမပြုခဲ့။ ခုချိန်ထိ အိမ်ထောင်မပြုပဲ သူ့ကို ဒီအရွယ်ထိ ပြုစုစောင့်ရှောက်လာခဲ့သော လေးလေးကျေးဇူးတွေက သူ့အပေါ်တွင် ဆပ်လို့မကုန်။
![](https://img.wattpad.com/cover/300559876-288-k151913.jpg)
YOU ARE READING
MINE