MINE [Ending]

4.3K 298 60
                                    

နှစ်ယောက် တစ်ဘ၀ တည်ဆောက်ခဲ့သောနေ့ရက်များသည် နေရောင်ခြည်လို နွေးထွေးရပြီး တပြိုင်နက်တည်းမှာပင် ဆောင်းလို အေးမြရပြန်သည် ။ ပူပင်သောကနှင့် မကင်းနိုင်သော လူသားများမို့ တခါတရံ စိတ်အဆင်မပြေသည့် နေ့ရက်များ ရှိခဲ့သည်ဆိုပါလျှင် အပြုံးတစ်ပွင့်၊ အနမ်းတစ်ရှိုက်ဖြင့် နေ့ရက်တွေ လှပသွားခဲ့ရစမြဲ ။

ကလေးလို တီတီတာတာလည်း ချွဲတတ်သလို အားငယ်ချိန်တိုင်း မားမားမတ်မတ် ရပ်တည်ကာ စိတ်လုံခြုံမှုကို အပြည့်အ၀ပေးနိုင်သည့် ဂျွန်သည် ချစ်သူကောင်း တစ်ယောက်အဖြစ်နှင့်ရော အိမ်ထောင်ဖက်ကောင်း တစ်ယောက်အဖြစ်နှင့်ပါ တာ၀န်ကျေပွန်လွန်းသူ ဖြစ်သည် ။ မျက်နှာကို အရိပ်လို ဖတ်တတ်ပြီး သူ့ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးဖို့ ဂျွန့်ဘက်ကတစ်ချက်လေးမှ မနှောင့်နှေးခဲ့ပါ ။

တစ်ခုကလေး ... ။

တကယ်ကို မပြောပလောက်သည့် တစ်ခုတည်းသော အရာနှင့် ပတ်သက်သည့်အခါတွင်တော့ ပြောရခက်နေဆဲ ဖြစ်သည် ။

ထိုအရာက " သ၀န်တိုခြင်း " ဆိုသော အရာ ... ။

အသက်ထက်မက ချစ်မြတ်နိုးရလွန်းသူမို့ အနှီကိစ္စတွင် လုံး၀ အလျှော့မပေးနိုင်ပါ ဟု ဆိုသည် ။ ဂျွန် သူ့ကို ချစ်သည် ဆိုတာကို နှလုံးသားတစ်ခုလုံး အပြည့်အ၀ နားလည်ထားသော်လည်း တခါတရံတွင်တော့ အကဲပိုလွန်းသည် ဟု ခံစားရသည် ။

ခုလည်း ညအိပ်ယာ၀င်ချိန်ရောက်သည့်တိုင် ဇွဲကောင်းစွာ စိတ်ကောက်ပြနေသော လူဆိုးလေးသည် ဧည့်ခန်းထဲတွင် စိတ်မပါသော ဘောလုံးပွဲကို ဟန်ပြကြည့်ရှုနေသည် ။ အနားက ဖြတ်သွားမိတိုင်း မမြင်ချင်ဟန်ဆောင်နေပြသော်လည်း မျက်ဆံနက်နက်လေး ထောင့်ကပ်ကာ ပါလာတတ်ကြောင်း သတိထားမိသည် ။

" အိပ်ရအောင်လေ babe ... "

ဆံပင်စုတ်ဖွားခေါင်းကလေးသည် သူ့ဘက်သို့ လည်ပင် ကြည့်မလာ ။ စိတ်၀င်တစား ကြည့်ပြနေတာများ ဘောလုံးကွင်းထဲ သူကိုယ်တိုင် ချက်ချင်း ၀င်ကန်တော့မည့်ပုံ ။

" တကယ် မအိပ်ဘူးလား ? "

သူ့ကို လှည့်ကြည့်မလာပဲ ခေါင်းသာ တွင်တွင်ခါပြသည် ။ ည ၁၂ ခွဲဟူသော အချိန်သည် တစ်နေ့တာ ပင်ပန်းသမျှအတွက် ကောင်းကောင်းအနားယူသင့်သော အချိန်ကာလတစ်ခုဖြစ်သော်လည်း လူဆိုးလေးကတော့ ခေါင်းမာနေဆဲ ဖြစ်သည် ။

MINEWhere stories live. Discover now