မေပယ်ပင်ကြီး၏အောက်တွင် သူတို့ရှိသည်။ ငိုရှိုက်နေသူနှင့်အပြိုင် သူသည်လည်း မျက်ရည်များဆက်တိုက်ကျဆင်းနေဆဲဖြစ်သည်။ နှလုံးသားမှ တင်းကြပ်စွာ နာကျင်ခံစားနေရမှုများသည် မျက်ရည်များအဖြစ် ထွက်ကျလာဟန်တူသည်။
“ ချစ်ရတာ ပူလောင်လိုက်တာ ” ဟု မတွေးဆချင်သော်လည်း ရင်မှာ တမြေ့မြေ့နှင့် လောင်မြိုက်ရသည်။ ထိုသို့နာကျင်ရသည့်တိုင်အောင် ဆော့ဂျင်ကို ချစ်သည်။ စည်းတွေ ဘောင်တွေကို မျက်ကွယ်ပြုစွာဖြင့် ... ။
“ ဘာလို့ ရောက်လာတာလဲ။ ဒီအချိန်ကြီးမှ ... ”
ရှိုက်သံသဲ့သဲ့ထွက်နေသော နှလုံးသားငယ်သည် ရင်ခွင်ထဲမှ ခေါင်းမော့ကြည့်ကာ ဆိုသည်။ မျက်လုံးချင်း ဆုံမိရင်း မျက်ရည်များ ဝိုင်းလာပြန်သောအခါ ဒီမျက်ရည်တွေကို သူ ကျဆင်းခွင့်မပြုနိုင်တော့။ ချစ်ရတဲ့ ကောင်လေးငယ်မှာ ပင်ပန်းလွန်းလှပြီ။
သူ့အနမ်းများကြောင့် မှိတ်ကျသွားသည့် မျက်၀န်းညိုတွေကို မျက်ရည်တွေ တိတ်သွားသည်အထိ အခါခါ နမ်းရှိုက်မိသည်။ မျက်နှာသေးသွယ်သွယ်က သူလက်တခုပ်စာပင်မရှိတော့။ တွေ့စတုန်းကထက် ဆော့ဂျင် ပိန်သွားသည်။
“ ကျွန်တော့်ကြောင့် မင်းစိတ်ပင်ပန်းနေရတယ်လို့ တွေးမိတိုင်း ကိုယ့်ကိုယ်ကို သတ်သေပစ်ချင်လာတယ် ... ”
“ ..... ”
“ မင်းအချစ်တွေနဲ့ တကယ်ကို မထိုက်တန်တဲ့ကောင်ပါ ”
ရင်ခွင်ထဲမှ ဆော့ဂျင် ထွက်သွားသည်။ ညလေပြေသည် တိုက်ခတ်စပြုလာပြီး ည၀တ်အင်္ကျီ အပွ၀တ်ထားသည့် ဆော့ဂျင်၏ အင်္ကျီစလေးတွေ လေတချက်ဝှေ့တိုင်း လှုတ်ခတ်သွားသည်။ ကျောခိုင်းထားသော်လည်း ရှိုက်နေသော ခန္ဓာသည် အနည်းငယ်တုန်ရင်နေသည်။
“ ချစ်တာကို မချစ်ဖို့ တားလို့မှ မရတာ ဂျွန်။ ဒီလိုသာ တားလို့ရစတမ်းဆို ဒီအခြေအနေထိ ကျွန်တော် ရောက်လာမှာမဟုတ်ဘူး ။ မင်းနဲ့ ဝေးတဲ့ဆီ ထွက်သွားပြီး မေ့ပစ်လိုက်မှာ ”
ဆော့ဂျင်နားသို့ လျှောက်သွားလိုက်ပြီး ကျစ်ကျစ်ပါအောင် ဆုပ်ထားသည့် လက်သီးဆုပ်လေးနှစ်ဖက်ပေါ်ကို ကိုင်ဆုပ်မိသည်။ သူ့လက်ဖဝါးထက် သေးငယ်သူမို့ လက်ဖြူဖြူဥဥလေးနှစ်ဖက်ဟာ သူ့လက်အတွင်း၀ယ် နစ်မြုပ်နေသည်။
YOU ARE READING
MINE