၃ရက် ... ။
ချစ်ခြင်းရာသီမှာ အနေဝေးခြင်းမိုးတိမ်တွေ အုံ့မှိုင်းသည်။
ဆော့ဂျင် သူ့ဖုန်းကို မကိုင်ဘူး ... ။
ဆေးရုံကိုလိုက်သွားတယ် ထွက်မတွေ့ဘူး ... ။
အိမ်ရှေ့မှာ သွားစောင့်နေခဲ့သေးတယ်။ အရိပ်လေးတောင် မမြင်ခဲ့ရဘူး ... ။
ချစ်ရသူသည် အကြောင်းပြချက်မဲ့စွာ မျက်ကွယ်ပြုသောအခါ နေ့နေညည အလွမ်းစိတ်က ဖိစီးလာသည်။ ဝေဒနာပေးသူကိုယ်တိုင် ကုစားမှ ပျောက်မည့်ရောဂါများကို အချိန်နှင့်အမျှ ခံစားနေရသည်။
၄ ရက်မြောက်နေ့ ... ။
သူ့ကားမြင်တာနှင့် ပုန်းရှောင်နေသူကြောင့် ဤတစ်ကြိမ်တွင်တော့ ကားယူမလာခဲ့။ ဆော့ဂျင်တို့ခြံထောင့်တွင် ရှိသော ရေတမာပင်ကြီး၏ အကွယ်မှာ ဦးထုပ်ငိုက်စိုက် စောင်းကာ ရုပ်ဖျက်ပြီး စောင့်သည်။
မုဆိုးထောင်ထားသည့် ကျော့ကွင်းထဲသို့ တိုး၀င်လာသည့် သားကောင်ငယ်လို ဆရာ၀န်လေးသည် သူ မရှိဘူး အထင်နှင့် အိမ်ထဲမှ ခပ်သွက်သွက်ပြေးထွက်လာနေသည်။
ဆော့ဂျင်၏ အကျင့်အတိုင်း ကားပေါ်ရောက်လျှင် လော့ချဖို့ မေ့နေတတ်သည်မို့ သူ အလွယ်တကူပင် သစ်ပင်အကွယ်နောက်မှ ပြေးထွက်ကာ တဖက်ကားတံခါးကို ဆွဲဖွင့်၍ ၀င်ထိုင်လိုက်တော့သည်။
“ ဘာ ... ဘာလုပ်တာလဲ ”
“ ..... ”
အထစ်ထစ် အငေါ့ငေါ့ဖြင့် ဆော့ဂျင်က အန္တရာယ်ပေးမည့် တစုံတဦး ၀င်လာသည်အထင်နှင့် ရုပ်ဖျက်ထားသည့်သူ့ကိုကြည့်ပြီး တုန်တုန်ရီရီ။ တိုက်ခိုက်လာလျှင် ခုခံနိုင်ဖို့ ဘောလ်ပင်နက်ပြာလေးကိုလည်း လက်ထဲ ကျစ်နေအောင်ကိုင်ကာ သူ့ဘက်သို့ ရွယ်ထားသေးသည်။
“ ကျွန်တော်ပါ ဆော့ဂျင်ရဲ့။ မမှတ်မိဘူးလား ”
ထိုအခါမှ စိတ်သက်သာရာ ရသွားသလို သက်ပြင်းမောတစ်ခုကို ချပြီး ရင်ဘတ်ကို လက်လေးနှင့် ဖိသည်။
“ ဘာလို့ ဒီလိုကြီး ၀တ်ထားတာလဲ? တကယ်ပဲ အန္တရာယ်ပေးမယ့်သူလို့ ထင်လိုက်တာ ”
YOU ARE READING
MINE