" တွေ့ရတာ ၀မ်းသာပါတယ် အန်ကယ် "
လက်ဆွဲ နှုတ်ဆက်လာသည့် လူငယ်က အပြုံးချိုချိုနှင့် ဖြစ်သည်။ ပထမဆုံး တွေ့ဆုံခြင်းဖြစ်သော်လည်း ရင်းနှီးပြီးသား လူတစ်ယောက်လို ခံစားရသည်။ ဆော့ဂျင်လေးနှင့် ရွယ်တူလောက်ပင် ရှိလိမ့်ဦးမည်။
" အသစ် စာချုပ် ချုပ်လိုက်တဲ့ ပန်းချီဆရာလေး ထင်တယ် "
" ဟုတ်ကဲ့ ... ကင်မ်ထယ်ယောင်း လို့ခေါ်ပါတယ် "
ငုံ့နေသည့် ခေါင်းလေး အမော့တချက်မှာ ပေါ်လာသည့် နှာတံထိပ်က မှဲ့နက်လေး၊ ဆံနွယ်လေးတွေကြားက တိုးထွက်နေသည့် လခြမ်းပုံနားဆွဲလေး၊ ကင်မ်ထယ်ယောင်းဆိုသည့် အမည်နာမလေး။
တိုက်ဆိုင်သည်ထက် ပိုသော အခြေအနေများကြောင့် နားထဲ လေတိုးသံတွေသာ ကြားရပြီး လည်ပတ်နေသော ကမ္ဘာသည် ခေတ္တရပ်တန့်သွားသည်။ မတ်မတ်ရပ်ထားသည့် ခြေအစုံသည် တုန်ယင်လာသဖြင့် စားပွဲစွန်းကို ကျစ်ကျစ်ပါအောင် ကိုင်ဆုပ်ပြီး အားယူထားရသည်။
ခြောက်ကပ်စပြုလာသည့် လည်ချောင်းမှာ လည်ဆံသည် ဆက်တိုက်လှုပ်ရှားသည်။ " ပျောက်သောသူ ရှာလျှင်တွေ့ " ဆိုသော်လည်း ဘယ်လိုရှာရှာ မတွေ့ခဲ့သူသည် လက်လျှော့ကာ နေသည့်အချိန်မှ မျက်စိရှေ့ ရောက်လာခဲ့သည်။
" ကျွန်တော် ဒီနေ့ လာတွေ့တာက Blossom အနုပညာစင်တာရဲ့ ဒါရိုက်တာဖြစ်တဲ့ အန်ကယ့်ကို နှုတ်ဆက်ချင်တာရော၊ ကင်မ်ဆော့ဂျင်ရဲ့ ဦးလေးအနေနဲ့ တွေ့ချင်လို့ရော အဲ့ဒါကြောင့် လာခဲ့တာပါ "
" ထိုင်ပါဦး ... သား "
မျက်နှာချင်းဆိုင် ဆိုဖာတွင် လာ၀င်ထိုင်သည့် ဆော့ဂျင်၏ ဦးလေးက တုန်တုန်ရီရီ။ လူငယ်တွေကိစ္စမှာ လူကြီးတွေကို ဆွဲမထည့်သင့်သော်လည်း ဖြစ်နေသည့် အကြောင်းတွေကိုတော့ အသိပေးထားချင်သည်။ ဒီလိုနည်းနည်းလေးမှ မဆွဲထားမိရင် မောင့်ကို လက်လွှတ်ရတော့မလို ခံစားနေရသည်။
" အနုပညာစင်တာက ကိစ္စတွေက အန်ကယ့်အတွင်းရေးမှူးနဲ့ ပြောလို့ရပါတယ်။ ဆော့ဂျင်ရဲ့ ဦးလေးအနေနဲ့ တွေ့ချင်တယ်ဆိုတာက ... "
YOU ARE READING
MINE