" ခွမ်း "
" တစိတ်ရှိ ဒီဆေးတွေ ခဏခဏ လာမတိုက်နဲ့လို့ ဘယ်နှခါပြောရမလဲ "
ရေဖန်ခွက်နှင့် သောက်ဆေးတချို့ကို ဗန်းဖြင့်သယ်ယူလာသော အိမ်အကူကောင်မလေးမှာ ကြောက်လန့်စိတ်ကြောင့် ခန္ဓာကိုယ်မှာ တစက်စက်တုန်ယင်နေသည်။
ရှေ့တွင် အပေါ်ပိုင်းကိုယ်ဗလာဖြင့် ရပ်နေသော ယောင်္ကျားပျိုသည် ဒေါသမျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ သူမရှေ့မှာ ထွက်ခွာသွားသည်။
ညနေ ၆ နာရီ သည် အိမ်တော်၏ ကျိန်စာသင့်နေသော အချိန်အပိုင်းအခြားတစ်ခု ဟုထင်သည်။ အာဏာစက်လည်း ပြင်းသလို ဒေါသလည်းကြီးလွန်းသော သခင်လေးသည် မယ်မယ်ကြီးမှ လွဲ၍ ဘယ်သူ့ကိုမှ စကားအကောင်းပြောတတ်သူ မဟုတ်။
ကုမရသော ရောဂါဆိုးကို သမားတော်အမျိုးမျိုး ပါရဂူအမျိုးမျိုးဖြင့် ငွေကုန်ကြေးကျခံကာ ကုသနေပါသော်လည်း ခေါင်းမာသော သခင်လေးကြောင့် ကုထုံးများသည် ဆုံးခန်းတိုင် ပြီးမြောက်ရသည် မရှိခဲ့။
သခင်လေး၏ ကုသမရသော ရောဂါဆိုးကြီးက " သေဆုံးသွားသော ချစ်သူကို သူ့အနားမှာ အမြဲတမ်းတွေ့မြင်နေရခြင်း " ဖြစ်သည်။
🎋🎋🎋
ချပ် ... ချပ် ... ချပ်
" ကျွီ "
မှန်မီးအိမ်တစ်လုံးထဲသာ ထွန်းညှိထားသော အခန်းကျယ်သည် လုံလောက်သော အလင်းဓာတ်ကို အပြည့်အ၀မရရှိ။ ခပ်တိုးတိုးဖွင့်ထားသော ဓာတ်ပြားစက်ဆီမှ တယောသံ ခပ်အီအီသည်သာ အခန်း၏ လေထုထဲတွင် ခပ်ဆွေးဆွေး မျောလွင့်နေသည်။
ကျောခိုင်းကာ စက္ကူစဖြူဖြူပေါ်တွင် ဆေးရောင်တွေ ရေးခြစ်နေသော အရိပ်လေးတစ်ခုလည်းရှိခဲ့သည်။
မြင်နေကြ မြင်ကွင်းကိုပဲ ဖန်တလဲလဲမြင်နေရသည်ဆိုပေမယ့် ရိုးအီသွားခြင်း အလျဉ်းမရှိ။
အရင်လို ဆွဲဆောင်နေတုန်း၊ အရင်လို စွဲလမ်းမိတုန်း၊ အရင်လို ရင်ခုန် လှိုက်မောမိတုန်းပဲ ဖြစ်သည်။
" ပန်းချီတွေ ဆွဲနေပြန်ပြီလား အသက်။ ပြောပါဦး ဒီတစ်ခါရော မောင့်ပုံပဲလား "
YOU ARE READING
MINE