ဖြူဖြူအိအိခန္ဓာကိုယ်လေးသည် ရင်ခွင်တွင် မှေးတင်ရင်း နွေးထွေးစွာ တည်ရှိသည် ။ လက်ချောင်းကောက်ကောက်လေးသည် သူ့လက်ဖဝါးနှစ်ဖက်ကို ပေလွှာကဲ့သို့ သဘောထားကာ ချစ်စကားများစွာကို ရေးခြစ်နေသည် ။
နှုတ်ဖြင့် မဖွင့်အံမိသေးသော အလွမ်းများကို ဆံနွယ်တွေကို နမ်းရှုံ့ရင်းဖြင့် သူ ကုစားနေရသည် ။
" အဟင်း "
သူ ခိုးနမ်းနေသည်ကို သိသော ဆော့ဂျင်က ခေါင်းလေးကို ညင်သာစွာ ခါယမ်းသည် ။ ရှန်ပူနံ့သင်းသော ဆံသားနုနုတွေ နှာဖျားထိပ်တွင် ပွတ်တိုက် လျှပ်ပြေးသွားသည် ။
ချစ်ခြင်းအပြည့်နှင့် မော့ကြည့်လာသော မျက်၀န်းညိုတွင် ကြယ်စင်တွေ ၀န်းရံခစားထားသလား ထင်ရသည် ။
" ဘယ်နေ့ကရောက်တာလဲ "
" ဒီမနက်ပဲ ... ။ တစ်နေ့လုံး မင်းသွားတဲ့နောက် ကိုယ်လျှောက်လိုက်နေခဲ့တာ "
" ဟင် ... "
" ဘာဖြစ်လို့လဲ ကိုယ့်ကလေးက "
စကားတစ်ခွန်းကို အနမ်းတစ်ပွင့်ဖြင့် သူ့နှုတ်ခမ်းဖျားတွေ ဆော့ဂျင် မျက်နှာ နုနုသို့ ခဏခဏ အလည်ရောက်သည် ။ အခွင့်ကောင်းယူကာ နှုတ်ခမ်းပါးလေးကို နယ်ကျော်လိုက်ချင်သော်လည်း အရှက်ကြီးသော ချစ်ရသူလေး အနေခက်မှာ စိုးသည် ။
သို့သော် အလိုက်သိစွာ မျက်၀န်းတို့ ပိတ်ထားပေးဆဲဖြစ်သော ဆော့ဂျင်လေးကြောင့် စိုအိအိ နှုတ်ခမ်းလွှာလေးကို မြတ်နိုးစွာဖြင့် နမ်းရှိုက်မိသည် ။ နူးညံ့အိထွေးမှုလေးကို သူ့နှုတ်ခမ်းလွှာမှတဆင့် ခံစားသိရှိရင်း ညင်ညင်သာသာ စုပ်ယူ ငုံထွေးထားမိသည် ။
ခေါင်းမော့ထားရသည့် ကလေးငယ် အဆင်မပြေမှာစိုးသဖြင့် လက်တစ်ဖက်နှင့် မေးဖျားနုနုကို ထိန်းကိုင်ထားရသည် ။ လည်တိုင်ကိုရစ်သိုင်းလာသည့် လက်ကလေးကြောင့် သူ့ခေါင်းကို ပိုငုံ့မိကာ သိပ်သည်းစွာ ထပ်မံ နမ်းရှိုက်သည် ။
မည်မျှလွမ်းနေခဲ့ကြောင်း စကားတို့ဖြင့် ထုတ်ဖော်ပြောရမည့်အစား အနမ်းများဖြင့်သာ ဖွင့်ဟ၀န်ခံမိသည် ။ ချစ်သောသူ သိပါစေလေ ... ။
YOU ARE READING
MINE