MINE [11]

2.2K 286 66
                                    

" ကျွန်တော့်ကို ဆုချဖို့ အကြွေးကျန်နေတာ ဆော့ဂျင် မှတ်မိတယ်မလား ဟင် "

တည်ငြိမ်နေသော မျက်အိမ်နက်နက်လေးက ဆော့ဂျင် မျက်၀န်းတည့်တည့်ကို စူးစိုက်ကြည့်ကာ မေးလာသည်။ အဖြေစကားကို စူးစိုက်ပြီးနားထောင်နေလိုက်တာများ ယုန်လေးတွေ နားရွက်ထောင်နေသလို။

" ကျွန်တော် မှတ်မိပါတယ် ဂျွန်ရဲ့။ ဘာဆုချရမလဲဆိုတာသာ ပြောပါ "

" ဟို ... ကျွန်တော် ... ခရီးတစ်ခုသွားစရာရှိတယ်။ အဲ့ဒါ မင်းကိုပါ လိုက်ခဲ့စေချင်တယ် "

ထင်မှတ်မထားသော ‌တောင်းဆိုမှုမျိုးမို့ ဆော့ဂျင် ကြောင်တောင်တောင်လေး ဖြစ်သွားရသည်။ သိကျွမ်းလာတာလည်း ကာလတစ်ခု ရောက်ပြီမို့ အတော်အသင့်ရင်းနှီးနေကြပြီဆိုသော်လည်း ခရီးတူတူသွားဖို့အထိတော့။

" ကျွန်တော့်အတွက် အရေးပါတဲ့ ခရီးမလို့ပါ။ ဟိုရောက်ရင် မင်းနားလည်ပါလိမ့်မယ် "

" ဟို ... ကြာမှာလားဟင်။ ကျွန်တော့် အလုပ်က ... "

" ခွင့်ယူရမယ့်ကိစ္စမျိုးဆို ဒေါက်တာရှင်းကို ကျွန်တော် ကိုယ်တိုင် ဖုန်းဆက်ပေးပါ့မယ် "

ဂျွန့် ကိုကြည့်ရသည်မှာ သူ့ဆီက အငြင်းစကားကို ကြားချင်ပုံမရ။ ဖြစ်လာနိုင်သည့် အကြောင်းအရာတိုင်းအတွက် အဖြေအဆင်သင့်ရှိနေပြီးသားသူတစ်ယောက်လို။

" ဂျွန် ဒီလောက်စိတ်အားထက်သန်နေမှတော့ ကျွန်တော်လိုက်ခဲ့ပါ့မယ် ... "

" မင်းကို တကယ် ကျေးဇူးတင်ပါတယ် ဆော့ဂျင် "

ပါးချိုင့်မပါသော ပါးပြင်ဟာ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ရုံသာပြုံးပြီး ခေါင်းငုံ့ကာ မျက်နှာလွှဲသွားသည်။ ကျောခိုင်းသွားသည့် ကျောပြင်ကျယ်သည် ချွေးစက်တို့ဖြင့် စိုရွှဲနေပြီး ကျစ်လစ်‌ တောင့်တင်းနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများက တီရှပ်အင်္ကျီအဖြူရောင်အောက်မှာ သိသိသာသာ ထင်းထွက်လာသည်။

ကွင်းပြင်ကျယ်ကို ဖြတ်သန်းပြီး လေနုအေးတွေတိုက်ခတ်လာသော်လည်း ရင် မအေးနိုင်ရသည့် အကြောင်းပြချက်ကို ထိုညနေက အဖြေရှာမတွေ့ခဲ့ပါ။

MINEWhere stories live. Discover now