MINE [2]

2.4K 277 39
                                    

တေးသွားမမှန်သော စန္ဒရားသံက တီးခတ်နေသူ၏ ရှုပ်ထွေးသော စိတ်အစဉ်ကို ဖော်ကျူးသည်။

အသက်က တစ်စုံတစ်ခုကို စိတ်ဆိုးပြီဆိုရင် ဒီလိုမျိုး ပေါက်ကွဲတတ်သည်။ အထူးသဖြင့် သူနှင့် ပတ်သက်ပြီး။

" ဒီနေ့ မောင့်ကို စကားပြောဦးမှာလား အသက် "

အမေးစကားကို တုံ့ပြန်မလာပဲ မျက်လုံးများမှိတ်ကာ ဆက်လက်တီးခတ်နေလို့ သူ အနောက်ကနေ ကိုယ်ကိုကိုင်းကာ သိုင်းဖက်ပြီး ခေါင်းလေးပေါ် မေးတင်မိသည်။

" မောင့်ဆီက သူစိမ်း ယောင်္ကျားတစ်ယောက်ရဲ့ အနံ့ရတယ်။ ခပ်ဝေးဝေးမှာ သွားနေချေ "

ဖက်ထားသည့် လက်များကို ဆွဲဖြုတ်ကာ သူ့ရှေ့က ထထွက်သွားသည်။ ‌သူ စိတ်ရှုပ်ထွေးစွာ ခေါင်းကဆံပင်တွေကို ထိုးဖွလိုက်ပြီး အသက်ရှိရာ မှန်ပြတင်းနားသို့ ချော့ဖို့ သွားရပြန်သည်။

" ဒီနေ့ မယ်မယ် ဆရာ၀န်တစ်ယောက် ထပ်ခေါ်လာတယ်။ အရင်အခေါက်တွေလိုပဲ မောင့်ကို ကုပေးဖို့တဲ့။ မောင် လက်မခံဘူးလို့ တခါထဲ ငြင်းခဲ့တယ် "

" ဒါဆို မောင့်မျက်နှာက ဘာလို့ တမျိုးဖြစ်နေတာလဲ "

" မောင် ဘာဖြစ် ... "

" မညာနဲ့ မောင်။ မောင့်စိတ်ကို မောင်ကိုယ်တိုင်ထက် ငါက ပိုသိတဲ့သူတစ်ယောက်နော် "

ဟုတ်ပါတယ်။ အသက်က သူ့ကိုဆို မျက်နှာလေးတချက်ညိုရုံ၊ အသံလေး တချက်ပြောင်းရုံနှင့်တောင် သူဘာဖြစ်နေတယ် ဘယ်လိုခံစားနေရတယ်ဆိုတာ အသေးစိတ် သိသူဖြစ်သည်။

ခုလည်း အသက်က ရိပ်မိနေပြီဆိုတော့ သူ ကွယ်ဝှက်မထားချင်တော့။ ဒီလိုကိစ္စသေးသေးလေးကြောင့်တော့ ချစ်ရတဲ့သူကို စိတ်ပင်ပန်းမခံစေချင်ပါ။

" ဒါဆို မောင်ပြောမယ်နော်။ ဒီနေ့လာတဲ့ ဆရာ၀န်ကလေ အသက်နဲ့ သိပ်တူတယ် "

" ဘယ်လို "

" ဟုတ်တယ်။ အသက်ရဲ့ ဒီနှာဖျားထိပ်က မှဲ့လေးက အစ တစ်နေရာထဲရှိနေတာ။ ပြီးတော့ ပိုထူးဆန်းတာရှိသေးတယ် "

" ဘာလဲဟင် မောင် "

" ဟော့ဒီက နားကပ်လေးလို လခြမ်းလေး ပန်ထားတာဗျာ "

MINEWhere stories live. Discover now