Ward ထဲ Round ပြီး အခန်းပြန်လာသည့်အခိုက် ၀က်ဝံညိုလေးတစ်ကောင် သူ့အခန်းရှေ့ ဗျာများနေတာ လှမ်းတွေ့ရသည်။ အခန်းတံခါးခေါက်ရနိုး လှည့်ထွက်ပြန်ရနိုးဖြင့် ချီတုံချတုံဖြစ်နေသော ထိုကောင်ငယ်လေး၏ ဆံနွယ်တွေကို အနောက်ကနေ လှမ်းဆွဲကာ စလိုက်သည်။
" အ့ "
ရုတ်တရပ်မို့ လန့်သွားပြီး နှုတ်ခမ်းလေးတွေ ဆူထော်ကာ လှည့်ကြည့်လာသည်။ ပြုံးပြီး ကြည့်နေသည့်သူ့ကို မြင်တော့ ဆူထော်နေသည့် နှုတ်ခမ်းလေးတွေပြေလျှော့သွားပြီး မျက်၀န်းပြာတွေပါ ရီဝေနေအောင် ပြုံးသည်။
" ကိုကို့ကို ပြောစရာရှိလို့ စောင့်နေတာ "
လိပ်ပြာတွေ ရင်ထဲဖြတ်ပြေးသွားသလို နူးညံ့ညင်သာသည့် ခံစားချက်မျိုးကို ဒီကောင်လေးပြုံးတိုင်း ခံစားရသည်။ ဖြစ်နိုင်လျှင် ကျောက်သလင်းလို အေးမြခြင်းကိုပေးသည့် မျက်၀န်းပြာ၏ အကြည့်တွေကိုလည်း ထာ၀စဉ် ငေးကြည့်ခွင့်ရချင်သည်။
သို့သော် ... ။
" ဂျောင်ကုက ပစ္စည်းတွေသိမ်းနေလို့ ကိုကို။ ကျွန်တော် မပြန်ခင် ကိုကို့ကို သေချာ နှုတ်ဆက်သွားချင်လို့ "
သူရှေ့ကပင် ဦးဆောင် အခန်းထဲ ၀င်သွားပြီး ဆိုဖာပေါ်တွင် ပုံ့ပုံ့လေး ၀င်ထိုင်သည်။ ဆိုးလ်ပြန်ရမှာမို့ တက်ကြွနေသူလေးနှင့် ဆန့်ကျင်စွာ သူကတော့ နှုတ်ဆက်ရန် ၀န်လေးနေခဲ့သည်။
" ကျွန်တော် မေ့မြောနေစဉ် ကာလတလျှောက်လုံး ဂျောင်ကုက စိတ်ပင်ပန်းခဲ့ရတယ်ဆိုပေမယ့် တကယ်တမ်း စိတ်ရော လူရော အပင်ပန်းခံ စောင့်ရှောက်ပေးခဲ့တာ ကိုကိုပါ။ ဒီအတောအတွင်း ပြောမှား ဆိုမှားရှိခဲ့ရင် ကိုကိုကပဲ ခွင့်လွှတ်ပေးပါနော် "
မဆုံနိုင်အောင် ဝေးရတော့မယ့် လူတွေလို ကလေးငယ်က နှုတ်ဆက်နေလေတော့ အားတင်းထားသည့် စိတ်များ အရည်ပျော်ချင်လာကာ မမြင်ကွယ်ရမှာ လက်ချောင်းတွေ ကုပ်ခြစ်ပြီး ငိုချင်စိတ်ကို ထိန်းသည်။ ဟန်ဆောင်ပြီးပင် စကားလုံးများက ထွက်မလာသောအခါ သူ လည်ချောင်းတချက်ရှင်းပြီး လူကြီးပီသဖို့ ကြိုးစားရပြန်သည်။
YOU ARE READING
MINE