MINE [15]

2.4K 293 86
                                    

" မင်း ဆက်သောက်နေရင် ကိုယ် ငယ်ငယ့်ကို သွားခေါ်လိုက်တော့မယ် "

ပတ်၀န်းကျင်ရှိ အရာအားလုံးကို မျက်ကွယ်ပြုကာ ဝိုင်ပုလင်းတွေကြား ခေါင်းစိုက်နေပြီး သတိပေးနေတာကိုလည်း ကောင်လေးက အသိအမှတ်ပြုခြင်း အလျဉ်းမရှိ။

နေမကောင်း အရှင်းမပျောက်သေးမှန်း သိနေတာမို့ စိုးရိမ်စိတ်တို့က ဒီရေလို မြင့်တက်လာရသောအခါ ဝိုင်ခွက်ကို မ,ယူတော့မည့် လက်ကောက်၀တ်ဖြူဖြူသွယ်သွယ်ကို ဆုပ်ကိုင်ခြင်း ပြုမိ၏

" ကိုယ် ပြောနေတယ် ... "

တင်းမာခြင်းမရှိသည့် တားမြစ်သံတစ်ခုနှင့်အတူ လက်ထဲက ဝိုင်ခွက်ဟာလည်း ဆွဲယူခြင်း ခံလိုက်ရပြီး ဂျောင်ဟွန်းက တကျိုက်ထဲ မော့သောက်သည်။

" ဆေးရုံမှာ ဆေးရုံစည်းကမ်းနဲ့ ညီအောင် ကျွန်တော်နေတယ်။ အပြင်ရောက်ရင်တော့ ကျွန်တော်စိတ်ထဲရှိတဲ့အတိုင်း နေချင်တယ် ကိုကို "

ကောင်လေးက ငယ်ငယ်ခေါ်သလို ‌ဂျောင်ဟွန်းကို " ကိုကို " ဟုသာ သုံးနှုန်းသည်။ ခုလည်း သူ့စိတ်ကြိုက် ဝိုင်တွေ သောက်တာ တားနေလို့ မကျေမနပ်နှင့် မျက်နှာလေး သုန်မှုန်ထားသည်။ လူဆိုးလေးတွေဟာ စိတ်ဆိုးရင် ဒီလိုပဲ ချစ်စရာကောင်းတတ်ကြသလား?

" မင်း မှတ်ဉာဏ်တွေ stable မဖြစ်သေးဘူး ကောင်လေး။ အားလုံးစိတ်ချလို့ရပြီဆိုမှ မင်းသဘော ... ကိုယ်ခွင့်ပြုပေးမယ် "

" မှတ်ဉာဏ်တွေက ကိုယ်လိုချင်တဲ့ အပိုင်းလေးပဲ ဖြတ်တောက်ယူလို့ရသလား ကိုကို ... တချို့ နာကျင်ရတဲ့ အကြောင်းအရာတွေဆို သတိမရပဲ နေတာက ပိုကောင်းတယ် မဟုတ်လား "

နှစ်ချို့ဝိုင်အစွမ်းဖြင့် ရီဝေစပြုလာသောကောင်လေးက ရင်တွင်းခံစားချက်များကို အဓိပ္ပါယ် ဟိုတစ်စ၊ ဒီတစ်စဖြင့် စိတ်ကူးထဲပေါ်သမျှ ထုတ်ပြောသည်။ ချာချာလည်လာသည့် ခေါင်းကလေး ငိုက်စိုက်ကြလာဟန် ပြင်သောအခါ စိုးရိမ်စိတ်‌ဖြင့် သူ့ပခုံးတစ်ဖက်အပေါ် မှီတွယ်ပြီး အိပ်မောကျစေမိသည်။

" ထယ်ယောင်းအိပ်ပျော်သွားတာလား ကိုကို "

အစ်ကိုဖြစ်သူ ပခုံးစွန်းကို မှီကာ အိပ်မော‌ကျနေသော ထယ်ယောင်းကို ဂျောင်ကုက အသာဆွဲ‌ခေါ်ယူသည်။ ဆော့ဂျင် စိတ်မကောင်းဖြစ်နေတာကို မြင်ပြီး ရှုပ်ထွေးသွားသည့်စိတ်က ထယ်ယောင်းပါလာသည်ကိုပင် မေ့တော့မတတ်။

MINEWhere stories live. Discover now