MINE [10]

2.3K 271 78
                                    

သခင်လေးဂျွန်၏ စိတ်အလိုမကျမှုများက အိမ်တော် ၀န်ထမ်းများပေါ်ကို သက်ရောက်ခဲ့သည်။ ရာသီဥတုပူပူမှာ စိတ်ကြည်လင်ပုံမရ‌သော သခင်လေးက မျက်စိထဲတွေ့ရာ မြင်ရာကို အပြစ်ပြောဖို့ ကြံသည်။

“ အိမ်တော် ခြံစပ်က ချုံနဲ့ မြက်ရိုင်းတွေ သွားရှင်းကြ ”

မိုးလင်းက မိုးချုပ် အမိန့်များသာ ဆက်တိုက်ထုတ်နေတတ်ပြီး တခါတရံ အိမ်တော်နောက်က ဥယျာဉ်ထဲ အထိပါ အာဏာစက်က ကျရောက်လာသေးသည်။

“ နှင်းဆီ‌ခင်းတွေနားမှာ ပေါင်းပင်တွေ အရမ်းများနေတယ် မယ်မယ်။ ဥယျာဉ်မှူးက ပန်းပင်တွေ မထိန်းသိမ်းပဲ ဘာလုပ်နေတာတဲ့လဲ ”

ကြာလာတော့ မယ်မယ်ကြီးပါ မနေသာတော့။ တနေ့လုံး ဂျောင်ကု နှိပ်စက်လို့ အိမ်တော် ၀န်ထမ်းများလည်း ချွေးပြိုက်ပြိုက်ထွက်နေကြရပြီ။

“ ငယ်ငယ်! ဘာအလိုမကျစရာရှိလဲ သား? ... ကလေးတွေလည်း မောနေရောပေါ့ သား တနေကုန် ခိုင်းနေတာနဲ့ ”

မယ်မယ် ပြောတော့ မျက်မှောင်ကြီးကျုံ့ကာ တချက်ကြည့်ပြီး လှေကားတလျှောက် တက်သွားသည်။ ဆရာလေး ဆော့ဂျင်နှင့် တွေ့ပြီးနောက်ပိုင်း ဂျောင်ကုက သိသိသာသာ ပြောင်းလဲလာသည်။ ချစ်သူကောင်လေးကိစ္စဖြစ်ပြီးနောက်ပိုင်း အခန်းထဲ ပိတ်နေကာ စကားလည်းပြောဖို့ နေနေသာသာ ဒီလို အိမ်တော် ကိစ္စတွေ ၀င်ရောက်စွက်ဖက်ဖို့ဆိုတာ တကယ်ဝေလာဝေး။

ခုနောက်ပိုင်းမှာတော့ လူသားပိုဆန်လာသည်ဟု ပြောလို့ရသည်။ အရယ်အပြုံးလေးတွေလည်း တွေ့လာရသလို တခါတလေ ဆော့ဂျင်လေးနှင့်လည်း အပြင်လိုက်သွားတတ်သည်။ ဒီနေ့ကိစ္စ‌ကတော့ ဘာကို အလိုမကျရသည် မသိ။

“ ဘုတ် ”

ဂျောင်ကု Kendo ကစားပြီးတာနှင့် ထွက်လာသည့် ချွေးများကို Towel တစ်ထည်ဖြင့် သုတ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

မိုးလင်းထဲက ဘာကို ထွက်လို့ ထွက်နေမှန်းမသိသည့် ဒေါသကြောင့် အိမ်တော်က ၀န်ထမ်းတွေကို ထိုင်ချိန်မရှိ‌အောင် အလုပ်တွေဆက်တိုက်ခိုင်းနေမိသည်အထိ။ မျက်စိရှေ့က ဖုန်းကို မြင်တော့ ပိုဒေါသထွက်လာသည်။

MINEWhere stories live. Discover now