MINE [19]

2.3K 273 85
                                    

ကုန်းမြင့်နှစ်ခုကိုဆက်သွယ်ထားသော ကြိုးတံတားတစ်စင်း။ သစ်တောအုပ်လေးထဲမှာမို့ တိုက်ခတ်သောလေကအစ လတ်ဆက်နေသည်။ K. Resort သည် နိုင်ငံတကာအဆင့်မှီ Resort တစ်ခုဖြစ်တာကြောင့် ဒီဇိုင်းပိုင်းကတော့ ပြောစရာမလိုအောင် ခမ်းနားပြီးသားဖြစ်သည်။

ကြိုးတံတားလေးပေါ်လျှောက်မိကြရင်း သူ ထယ်ယောင်းကို ဖွင့်ပြောဖို့ ၀န်လေးနေမိသည်။  သက်ပြင်းကို မသိသာအောင် ရှိုက်ထုတ်မိရင်း ရင်ထဲမှ စကားလုံးများသည်လည်း အားအင်ချည်နဲ့စွာ။

ပုခုံးတဖက်ပေါ် ခေါင်းမှီတင်ကာ သူ့ လက်မောင်းကိုလည်း ဆွဲယူပွေ့ဖက်ထားဆဲဖြစ်သော ထယ်ယောင်းသည် ချစ်ကြိုက်ခါစကလို ကြည်နူးမှု အပြုံးများနှင့်ဖြစ်သည်။ ချစ်လာခဲ့သည့် သက်တမ်းတလျှောက် တီတီတာတာ ပြောဖို့ မပျက်ကွက်ခဲ့သလို သူ့အပေါ်  ကြင်ကြင်နာနာလည်း နွေးထွေးဆဲဖြစ်သည်။

သူ့အဖို့က ထိုအပြုအမူများကို မြင်ရလေ အမှားတစ်ခုကို ကျူးလွန်ထားသလို အပြစ်မကင်းစိတ်က နှိပ်စက်မြဲဖြစ်လာသည်။

မပြတ်သားလျှင် ပိုနာကျင်ရမည့်အဖြစ်ကြောင့် သူ စွန့်စားရတော့မည်။ အတူယှဉ်လျှောက်နေရာမှ ရပ်လိုက်ပြီး နံဘေးရှိ ထယ်ယောင်း၏ ရှေ့သို့ မျက်နှာချင်းဆိုင်ရပ်လိုက်သည်။

“ ထယ်ယောင်း  မောင်တို့ ... ”

“ ..... ”

မျှော်လင့်ထားသလို ပြောမည့်စကားတွေ ထွက်မလာခဲ့သည်မှာ ထယ်ယောင်းက လည်တိုင်ကို ဖက်တွယ်ကာ ခေါင်းမော့နမ်းလိုက်သောကြောင့် ဖြစ်သည်။ သူ့စိတ်တိုင်းကျ နမ်းရှိုက်ပြီးကာမှ ရှက်ပြုံးလေး ပြုံးကာခေါင်းကိုငဲ့ရင်း ရင်ခွင်ထဲတိုး၀င်သည်။

“ မောင့်ကိုလေ ချစ်ရလွန်းလို့ တခါတလေကျရင် ကိုယ့်ကိုယ်ကိုနဲ့တောင် ပြန်သ၀န်တိုမိတယ် ... ”

“ ..... ”

ရင်ခွင်ကျယ်ပေါ်သို့ အနမ်းတစ်ပွင့်ရောက်လာပြီး လက်ချောင်းထိပ်လေးများနှင့် ရေးခြစ်ကျီစယ်နေပြန်သည်။ ခဏအကြာ တိတ်ဆိတ်နေသေးသည့်သူ့ကို ရင်ဘတ်ပေါ် မေးလေးထောက်ကာ မော့ကြည့်သည်။

MINEWhere stories live. Discover now