MINE [4]

2.3K 276 32
                                    

မြင်မြင်သမျှက မှောင်နှင့် မည်းမည်းကွင်းပြင်ကျယ်ကြီး။

လေဟာနယ်တစ်ခုထဲ ရောက်နေသလို လူသူတစ်ဦးတစ်ယောက်မှ မရှိသောနေရာတွင် သူတစ်ဦးထဲ။

“ ဒါ ဘယ်လိုနေရာကြီးလဲ ”

တစ်ကိုယ်စာ ကြားရုံ ခပ်တိုးတိုးရေရွတ်သံ၏ နောက်ကွယ်တွင် ရယ်သံတစ်ခုလှိုင်းခတ်လာသံကို သူကြားလိုက်ရသည်။

လှည့်ကြည့်လိုက်တော့ ကျောပေးထားသော လူရွယ်က ခေါင်းငုံ့ကာ ရယ်နေခြင်းဖြစ်သည်။ ဒါပေမယ့် ဘယ်သူမှန်း သူမသိ။

“ ဒီ ... ဒီမှာဗျ ကျွန်တော် ဘယ်ကိုရောက်နေတာလဲဟင်? ”

ထိုလူရွယ်က သူ့ဘက်ကို လှည့်လာသော်လည်း အလင်းရှိရာဘက်ကို ကျောပေးရပ်လိုက်လို့ မျက်နှာတစ်ခုလုံး အရိပ်ကျသွားပြန်ကာ ဘယ်သူမှန်း သေချာမသိရသေးပြန်။

“ ဒါ မင်းစိတ်ထဲကို မင်းပြန်ရောက်နေတာလေ ”

တိုးလျလျ အသံသည် သူနှင့် အတန်ငယ်‌လှမ်း‌သော‌ နေရာမှ ပြောနေသော်လည်း နားနားကပ် ပြော‌နေသကဲ့သို့ ခံစားမိသည်။

ဒါဟာ သူ့စိတ်ကမ္ဘာဆိုရင် ရှေ့မှာ ရပ်နေသည့် သူစိမ်းကရော ဘာလို့ ဒီထဲ ရောက်လာရတာလဲ? မေးခွန်းတစ်ခုကို တွေးမိလိုက်တာနှင့်အညီ သူချက်ချင်း မေးခွန်းထုတ်မိသည်။

“ ဒါဆို အဲ့ဘက်က‌ရော ဘာလို့ ကျွန်တော့်စိတ်ထဲကို ရောက်နေရတာလဲ ”

“ အဟင်း ... ဒါကတော့ ကိုယ် ကိုယ်တိုင်လဲ မသိသေးတဲ့ ပဟေဠိတစ်ခုပဲ ”

“ ဒါဆို ကျွန်တော် ဒီထဲက ဘယ်လိုပြန်ထွက်လို့ရမလဲ ”

“ မင်းစိတ်ကို ထိန်းချုပ်ကြည့်လေ။ ဒါပေမယ့် စိတ်လှိုင်းတွေက ဖမ်းဆုပ်ရတာခက်တယ်ဆိုတာတော့ မင်းလဲသိနေတာပဲ ”

ဘယ်သူမှ မရှိသည့် သည်နေရာမှာ စကားပြောဖော်လေး ရ‌နေတာပဲ တော်သေးသည်ဟု တွေးမိသည်။ သူကရော ဘယ်လို မျက်စိလည် လမ်းမှားပြီး သူ့စိတ်ကမ္ဘာထဲကိုရောက်‌နေရတာလဲ။

မဖြစ်သေးဘူး! ဒီနေရာက ထွက်နိုင်ဖို့ စိတ်တွေကို ပြန်စုစည်းရဦးမယ်။ သူများအကြောင်း စပ်စုတာ နောက်မှ။

MINEWhere stories live. Discover now