ပိုးသတ်ဆေးနံ့ပါ၀င်သော လေထု၏ အငွေ့အသက်နှင့် အားသွင်းထားရသည့် ဂလူးကို့စ်အိတ်မှ ဆေးရည်ကျသံ တစက်စက်သာ နားထဲ စိုးမိုးသည် ။
အသက်ရှုသံ မှန်မှန်ဖြင့် လဲလျောင်းနေသည့် ခန္ဓာကိုယ်မှာ မျက်ရည်စတို့ ခြောက်ကပ်နေခဲ့ပြီ ။ နာရီပိုင်းမျှသာ ကြာမြင့်သေးသော အချိန်ဖြစ်သော်လည်း မျက်နှာနုနုသွယ်သွယ်သည် ပို၍ ချောင်ကျသွားသယောင် ခံစားရသည် ။
အပြစ်မကင်းသည့်စိတ်ကြောင့် ၀မ်းနည်းခြင်းများက ဒီရေလို မြင့်တက်နေပြီး ဖယောင်းလို သွယ်ညွှတ်သည့် လက်ချောင်းသွယ်တွေကို အားကိုးတကြီး ဆုပ်ကိုင်ထားမိသည် ။ နှလုံးသားနှစ်ခု ထပ်တူကျဖို့ ခက်ခဲသည့် အခြေအနေတစ်ခုမှာ ထယ်ယောင်း ခံစားရသမျှ တရားခံသည် သူ သာလျှင် ဖြစ်သည် ။
ကျွီ
ရှပ် ... ရှပ်
ပွင့်လာသည့် တံခါးချပ်နှင့်အတူ ခြေသံတရှပ်ရှပ်သည် သူ ရှိရာသို့ ဦးတည်လာသည် ။ ဂျူတီကုတ်အဖြူရောင်၏ အနားစသည် မျက်၀န်းထောင့်စွန်းတွင် ပေါ်လာခဲ့သည် ။
" ဒီလိုတွေ ဖြစ်လာမယ်ဆိုတာ ကြိုသိနေလို့ ကိုကို မတားခဲ့ဘူးလား "
" ..... "
" ပြဿနာကို ဖြေရှင်းမယ်ဆိုတာ ဒီလိုပုံစံနဲ့လား ငယ်ငယ် "
" ကိုကို့မေးခွန်းတွေဖြေဖို့ ကျွန်တော် အဆင်မပြေသေးဘူး ။ အပြစ်တင်ဖို့ လာတာဆိုရင် နောက်မှ လာခဲ့ပါလား "
ကိုကို ပြန်ထွက်သွားပြီးနောက် သူ ထိုင်နေရာမှ မတ်တပ်ထရပ်ကာ ပြတင်းပေါက်ဘက်ဆီသို့ သွားရပ်မိသည် ။ မိုးကောင်းကင်ကြီး တစ်ခုလုံး ပြိုတော့မလို ရွာနေသော မိုးရေစက်များနည်းတူ သူ့ရင်တွင်လည်း မျက်၀န်းမှ မစီးကျသော ရင်တွင်း မျက်ရည်များ သောင်ပြို ကမ်းပြို စီးဆင်းနေလိမ့်မည် ။
နောက်ဆုံးအထိ လက်မလွှတ်ပေးလေသော အချစ်ဦး နှင့် အရာရာကို ထောက်ရှုကာ နောက်ဆုတ်သွားလေပြီဖြစ်သော အချစ်ဆုံးတို့ အားပြိုင်ကြသည့်အခါ နှလုံးသားသည် ဆော့ဂျင်ရှိရာဘက်သို့ မျက်နှာမူသည် ။ ကူကယ်ရာမဲ့နေသော ဘ၀တွင် ပါးမို့မို့နှင့် အပြုံးချိုချိုလေးသည် ရှင်သန်ရခြင်း၏ အကြောင်းပြချက်ဖြစ်သည် ။
YOU ARE READING
MINE