" ဘာတွေဒီလောက်တောင်ပြောနေကြလဲမသိဘူးနော် ကိုသုန်း၊ စာကြည့်ခန်းထဲ ဝင်သွားတာကြာပြီ ခုထိပြန်ထွက်မလာကြသေးဘူး"
နှစ်ယောက်ထဲစကားပြောမယ်ဆိုပြီး စာကြည့်ခန်းထဲဝင်သွားတာ ရှိန်နှင့်ဒေါ်မြမြင့်ဆန်းတို့ ခုထက်ထိပင်ထွက်မလာသေးပါ။
ပိတ်ရက်ဖြစ်တာကြောင့်၊ အလုပ်ကလဲသွားစရာမလို၊
အပြင်ထွက်လျှောက်လည်ရအောင်လဲ အိမ်ကအခြေအနေတွေ သိချင်သေးသဖြင့် ၊ ခွန်းသ ခမျာ ဧည့်ခန်းထဲမှာထိုင်လိုက်၊ ထမင်းစားခန်းထဲဝင်ပြီး တွေ့ရာမုန့်စားလိုက်၊ ခြံထဲဆင်းလိုက်၊ နဲ့ ယောင်လည်လည် ဖြစ်နေလေသည်။သုန်းကတော့ ဧည့်ခန်း၏မှန်ပြတင်းတံခါးဘေးထိုင်၍ စာဖတ်နေလေသည်။သူတို့နှင့်အတူ ကျန်ခဲ့သော ဘုန်းတို့အဖေ နှင့်ခွန်းသအဖေကတော့ ဧည့်ခန်းထဲ၌သာ အလုပ်လုပ်နေကြလေသည်။" ခွန်းသ ငါမျက်စိနောက်လာပြီ၊ ငြိမ်ငြိမ်နေ "
အိမ်ရှေ့ဝင်နောက်ဘေးထွက်လုပ်နေသော ခွန်းသအား အဖေဖြစ်သူ ဦးမြင့်မိုရ်မှ အသံမာမာဖြင့်ပြောလိုက်ချင်းပင်။
" ဟုတ်.. ဟုတ်ကဲ့ပါ ပါးပါးရဲ့ "
" ခွန်းသ ဟိုမှာထွက်လာပြီ"
ဧည့်ခန်းကို ပတ်၍လမ်းလျှောက်နေရာမှ သူ့အဖေနားကုပ်ကုပ်လေးထိုင်နေသော ခွန်းသအား သုန်းက မေးငေါ့ကာပြောလိုက်သည်။
" ကျွန်တော်ကတိကိုရအောင်တည်မှာပါ ၊တီမြ"
" ဟုတ်ပြီ၊ သားရှိန်"
" ကျွန်တော့်ကို ခွင့်ပြုပါဦး "
ဒေါ်မြမြင့်ဆန်းက ခေါင်းသာတစ်ချက်ငြိမ့်ပြလိုက်သည်။
စာကြည့်ခန်းထဲမှ ထွက်လာသောသူ့အား ဧည့်ခန်းထဲမှ လှမ်းရယ်ပြနေတဲ့ သုန်းနဲ့ခွန်းသကို ရှိန်လည်းတစ်ချက်ပြန်ပြုံးပြလိုက်သည်။ဘုန်းကိုမတွေ့တာကြောင့် အိမ်ရှေ့အဝင်ဝမှ ခြံထဲသို့ မျက်လုံးဝေ့ပြီး ရှာမိသည်။
"ရှာမနေနဲ့၊ ကိုဘုန်းက အပြင်ထွက်သွားတယ်"
သူ့အတွေးကိုသိ့သည်ထင်၊ရုပ်တည်ကြီးဖြင့် သူ့အနားသို့ တစ်လှမ်းချင်းလျှောက်လာရင်း ခွန်းသ ကဆိုသည်။
![](https://img.wattpad.com/cover/296631777-288-k385883.jpg)
YOU ARE READING
Superficial Love 🤍
Romance' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~