" ဟိတ်... ကလေး မနေ့ကကိစ္စက ဘာသဘောလဲ "
အိမ်ရှေ့ပန်းခြံလေးထဲရှိ ခုံတန်းမှာထိုင်နေတဲ့ သူ့(ဘုန်း)ကိုကျော်ပြီးအိမ်ထဲသို့ဝင်ရန်လှမ်းနေတဲ့ ထိုသူရဲ့ခြေလှမ်းတွေက သူ့(ဘုန်း)စကားသံကိုကြားတော့ ရပ်တန့်သွားသည်။ပြီးနောက် လက်တို့ကိုပိုက်၍ သူ့ရဲ့စင်ယော်တောင်မျက်ခုံးတန်းကို ပင့်တင်ပြီးလှည့်ကြည့်လာသည်။
Over side T-shirt အဖြူနှင့် မိုးပြာရောင် တည့်ပွ Jeans pant ကိုတွဲဖက်၍ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားတာတောင် သူ့၏ အရှိန်အဝါနှင့်ခံညားမှုတို့ကထင်ပေါ်နေသည်၊ ဆံသားကို Jel တို့ဖြင့်ပုံမသွင်းထားပဲ လက်ဖြင့်သာသပ်တင်ထားသောကြောင့်၊သူ့နံဖူး ကျဉ်းကျဉ်း၌ ဆံစအချို့က နေရာယူထားသည်။
" မနေ့ကကိစ္စကို ကိုယ် တာ ဝန် ယူ မှာ ပါ မပူနဲ့ "
စကားလုံးတစ်လုံးချင်းကိုဖိပြီးပြောလာတဲ့ ထိုကလေးရဲ့ မျက်နှာကို ဘုန်းသေချာစိုက်ကြည့်၍
"ဟက်..ဟုတ်လား"
သူထိုသို့ပြောလိုက်တော့ ရှိန်က ရယ်ကျဲကျဲဖြင့် ဘောင်းဘီအိတ်ကပ်ထဲသို့လက်အစုံကိုထည့်ကာ ဘုန်းအနားသို့တစ်လှမ်းချင်း လျှောက်လာလေသည်။ ဘုန်းလဲ တတိတိ နောက်ဆုတ်ရင်း ခုနကသူထိုင်ခဲ့တဲ့ ခုံတန်းပေါ်မှာ ပြန်ထိုင်ရက်မိသားဖြစ်သွားလေသည်။ ဘုန်းပြန်မထနိုင်ခင်မှာပဲ ရှိန်က သူ့ကိုယ်ကိုကိုင်း၍ မျက်နှာချင်းဆိုင်အနေထားဖြင့် ဘုန်းကို စူးရဲစွာစိုက်ကြည့်နေလေသည်။ မျက်နှာချင်းနီးကပ်မှုက ရှိန်မှုတ်ထုတ်လိုက်တဲ့ လေငွေ့ကိုတောင် ဘုန်းခံစားမိနေသည်။
" အွန်း ဟုတ်တယ်၊ကိုယ်က မောင့်ကိုရအောင်ယူမှာ"
" ဟ ဒီမှာ ကလေး ငါဆိုတဲ့ကောင်ကလေ.."
"ရှိန်တမာန် ဆိုတဲ့ ကိုယ့်ရဲ့အပိုင်လေ"
"ဘာပြောတယ် မင်း .. မင်း .."
ကိုယ့်စကားကိုဖြတ်၍ ပြီတီတီမျက်နှာပေးဖြင့် ပြောနေသည့် ထိုအနှီကလေးအား ကြည့်ရင်းပြောစရာစကားတို့ပျောက်ရှလောက်အောင်ပင် ဒေါသထွက်လာရသည်။
ဘုန်းကသာဒေါသထွက်၍ ဆွေ့ဆွေ့ခုန်နေတာ ရှိန်ဆိုတဲ့ကောင်လေးကတော့ သူပြောချင်ရာပြောပြီး အိမ်ထဲသို့ ခပ်မြန်မြန်ဝင်သွားလေရဲ့။
YOU ARE READING
Superficial Love 🤍
Romance' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~