"မင်း!! မင်း.. ဒါဘာလုပ်တာလဲ"
"မောင် ကဘာမှမပြောတော့၊ ကိုယ်ကပဲအနစ်နာခံပြီး ပွေ့ချီလာတာလေ"
"ဟ ပြောနေတဲ့ပုံကိုက၊ ငါကပဲအရမ်းတွေ ချီခံချင်နေ သလိုပဲ၊ လွှတ်...ငါ့ကိုခုချက်ချင်းလွှတ်"
သူရုန်းသော်လည်း အလွတ်မပေးပေ၊ တင်းကြပ်စွာပွေ့ချီ ထားတာကြောင့်ရော ရှက်စိတ်ကြောင့်ရော အသက်ရှုတောင် ကြပ်လာသလိုပင်။
" ကျစ်...ငြိမ်ငြိမ်နေ! လူကို အားကုန်အောင်မလုပ်နဲ့ "
အတင်းရုန်းနေသောကိုယ့်ကို စုပ်တစ်ချက်သပ်ရင်း ၊
ပြောလာသည့်အသံက အမိန့်ပေးသည်လဲ မမည်၊ ချိုသာသည်လဲမဟုတ်ပေ။တိုင်းထွှာလို့ မရအောင်ကို ဒေါသထွက်ရသော်လည်း၊လူတွေရဲ့အကြည့်ကြောင့် ဘုန်းငြိမ်နေလိုက်ရသည်။
ဆိုင်ထဲမှ သူ့သူငယ်ချင်းတွေနဲ့ အကြည့်ချင်းစုံတော့ သစ်ကလွဲရင် အကုန်လုံး မျက်နှာလွဲသွားကြသည်။သစ်ကတော့ ဘုန်းကို လာပဲခေါ်ရမလို၊ ဒီတိုင်းရှိန်နဲ့ပဲလွတ်ပေးလိုက်ရမလိုဖြစ်နေသည်။ဂျူးနဲ့ခွန်းသကတော့ ထုံးစံအတိုင်း ပြုံးစိစိဖြစ်နေလေသည်။
ကိုယ့်ကို lover seat မှာအသာချကာ၊ ခါးပတ်ပါ သေချာပတ်ပေးနေလေသည်။ ထိုကလေး၏ အပြုအမှုတိုင်းကို သေချာလိုက်ကြည့်မိသည်။
"ငါဒီမှာရှိတာ မင်းဘယ်လိုသိလဲ"
"...."
" ဟိတ် ကလေး ငါမေးနေတယ်လေ"
တစ်ခွန်းမှပြန်မဖြေပါပဲ အေးအေးလူလူသာ ကားမောင်းနေလေသည်။တိတ်ဆိတ်သွားပြီးခဏအကြာမှာတော့
" နောက်ကို ဒီလိုနေရာလာရင် အဲ့လိုမဝတ်နဲ့"
" ဟမ် ဘာ.."
အဆုံးမရှိအစမရှိ ထပြောသော ရှိန်၏စကားကို ဘုန်းတစ်ယောက်နားမလည်ပါ။
ရှိန်ရဲ့စကားအတိုင်း သူဝတ်ထားတဲ့ပုံသူပြန်ငုံ့ကြည့်လိုက်တော့ဝဲရင်ဘက်၌ ဝက်ဝံရုပ်အဖြူလေးပါသော အင်္ကျီနီညိုရောင်ကို ၊ နို့နှစ်ရောင် short pants လေးဖြင့်တွဲဝတ်ထားတာဖြစ်သည်။
ဒီလိုဝတ်ထားတာဘာများ မှားလို့လဲလို့ တွေးမိသည်။
YOU ARE READING
Superficial Love 🤍
Romance' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~