" ကိုရိန်မွန်း... "
တအံ့တဩသူ့ခေါ်သံကို ခေါင်းတစ်ချက်အသာငြိမ့်ပြသော ထိုလူသားမှာ တကယ့်ကိုအေးဆေးစွာပင်။
သုန်းအားပြုံးပြုံးလေး ရပ်ကြည့်နေသူ၏ ဆံနွယ်တစ်ချို့သည် လေတစ်ချက်အဝေ့တွင် သဲ့သဲ့လေးလှုပ်ခါသွားလေရဲ့။" Hey!! I've been waiting for you like forever "
ထိုသူအား သုန်းကြောင်အစွာကြည့်နေမိချိန်မှာပဲ သူတို့နှင့် မလှမ်းမကမ်းမှ Austin ကစကားလှမ်းစသည်။
" Oh! sorry Austin; it's because of my man "
ထိုအဖြေနှင့်အတူသူ့ရှေ့မှလူသားသည် Austin နားသို့လျှောက်လှမ်းသွားလေသည်။
သုန်းတစ်ယောက်ခေါင်းထဲတွင် မေးခွန်းများစွာဖြင့် ပလုံစီနေသော်လည်း နှုတ်မှတစ်ခွန်းမှ ထွက်ကျမလာပေ။ သူ့မေးခွန်းတို့ကိုသူ့ဟာသူမြိုသိပ်ရင်း ရိန်မွန်းတို့ရှိရာသို့ သူလဲလိုက်ဝင်ခဲ့လေသည်။ဂေဟာလေးဟာ အတွင်းထဲတွင်အတော်ကျယ်လေသည်။ ဝင်ဝင်ခြင်းတွင် ထပ်ခိုးသို့တက်သည့် လှေကားငယ်လေးရှိပြီး ဘယ်ဘက်ခြမ်းတွင် ဟောခန်းကြီးနှင့် ညာဘက်တွင်စာကြည့်ခန်းရှိလေည်။
သူ့နေရာနှင့်သူစနစ်တကျရှိသော ဒီဂေဟာကြီးတွင် ကလေးဆယ်ယောက်ကျော်လောက်နှင့် အထိန်းကောင်မလေးနှစ်ယောက်ရယ် ကျောင်းအုပ်ဆရာမကြီး တစ်ယောက်ရယ်သာ ရှိ၏။" အဲ့ထပ်ခိုးလေးက ကလေးတွေအိပ်တာလေ "
ထပ်ခိုးကိုသာ စိုက်ကြည့်နေသော သုန်းအနားသို့ Austin ကရုတ်တရပ်ရောက်လာပြီး ပြောလိုက်ချင်းပင်။
သူ' အော် 'ဟုသာ အာမေတိတ်ပြုတော့
Austin ကစကားဆက်ပြန်သည်။" ထပ်ခိုးကခေါင်နဲ့အရမ်းမကပ်ဘူး တက်ကြည့်ချင်လား "
" မတက်တော့ပါဘူး၊ အလုပ်ကိစ္စပြောရအောင် "
" အာ ဟုတ်သား ကလေးတွေကိုမြင်လိုက်တော့
လာရင်းကိစ္စမေ့တော့မလို့ "ထို့နောက် ကလေးတွေနှင့်တရင်းတနှီးရှိလှစွာ စကားပြောနေသော ရိန်မွန်းကိုလည်းခေါ်၍ သူတို့ဂေဟာနောက်သို့ထွက်လာလိုက်သည်။
ဂေဟာအနောက်တွင် ဆယ်ပေပတ်လည်လောက်ရှိမည့် ခြေတံရှည်အိမ်ကလေးတစ်လုံးရှိလေသည်။ အိမ်လို့ပြောရအောင်လည်း အိမ်နှင့်တော့သိပ်မတူပေ ဝင်ပေါက်တံခါးတစ်ခုသာရှိပြီး ကျန်တာအကုန်အလုံပိတ်ထားခြင်းပင်။
YOU ARE READING
Superficial Love 🤍
Romance' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~