Nature ဆိုတဲ့ cafe ဆိုင်လေးသည် မြို့ပြင်မှာဖွင့်ထားတာ ဖြစ်သောကြောင့် ဆိတ်ငြိမ်လှသည်။ ဆိုင်အပြင်အဆင်သည်လည်း သေသပ်ကြော့ရှင်း၍ ရိုးရိုးလေးတည်ရှိနေလေသည်။
" ဘာလို့ဒီနေရာကိုချိန်းတာလဲ၊
သုန်းရဲ့ဆိုင်မှာတွေ့လဲရနေတာပဲကို "" နေခြည်ရယ် တုံးလိုက်တာ၊
မိုးသားကထားပါတော့ ခုဒီမှာဟိုအမြွှာနှစ်ကောင်ကိုတွေ့သလား "ဂျူးမြတ်စကားကို ခုမှရောက်လာသော နေခြည်နှင့်အတူ ခွန်းသကပါ ထိုင်ခုံတွင်ဝင်ထိုင်ရင်း ခေါင်းခါပြလာလေသည်။
" အေး သူတို့အကြောင်းပြောမှာကို
ငါတို့ကသုန်းရဲ့ဆိုင်မှာပြောစရာလားဟဲ့ "" ဒါဖြင့်ရင်ဆိုစမ်းပါဦး ငါ့အကိုတွေကဘာဖြစ်လို့လဲ "
ခွန်းသက ဂျူးမြတ်မှာထားပေးပြီးသားဖြစ်သော orange juice လေးကို တစ်ချက်မွေ့လိုက်ပြီး မေးလိုက်သည်။
" သုန်းကလဲ ဆိုင်မှာမရှိတာများလာတယ်၊ဆိုင်က ကလေးတွေကိုမေးတော့လဲ ဘယ်သွားနေမှန်းကိုမသိတာတဲ့၊ မိုးသားနဲ့ဘုန်းက ဒီရက်ပိုင်းအတွင်း အတော်ကိုထူးဆန်းနေတယ်၊ မင်္သကာစရာကောင်းနေတယ် "
" ငါလဲသူတို့ကိုသတိထားမိနေတာ တစ်ခုခုပဲ၊
မိုးသားနဲ့သုန်းကတွဲနေတာများလား၊ သတိထားမိလားတော့မသိဘူး ဘုန်းအခုတလောဇယားတွေမရှိဘူး ငြိမ်နေတယ် "ဂျူးမြတ်၏အပြောကိုကြားပြီးနေခြည်ကမျက်လုံးလေးတွေတောက်ကာ သူထင်နေသလိုပြောလာချင်းပင်။
" ဟယ်!! ပေါက်ပေါက်ရှာရှာ ကိုဘုန်းငြိမ်နေတယ်ဆိုတာ ဟိုကလေးရှိန်လေးကြောင့်ဟာကို "
ခွန်းသက သေချာသောအချက်လက်တစ်ခုကို ပြောနေသလို ပြတ်ပြတ်သားသားပင်ပြောလာသည်။ ထိုအချိန်တွင် ဂျူးမြတ်က ခွန်းသ၏ လက်ဖမိုးအပေါ် သူ့လက်ကလေးအသာ အုပ်မိုးလိုက်ပြီး စကားစသည်။
ထိုအခါ ခွန်းသကလဲငြိမ်သက်လိုက်သည်။
ခွန်းသလိုအစွာလေးကို ဒီလိုအပြုမူလေးနဲ့ထိန်းနိုင်တာ ဂျူးမြတ်တစ်ယောက်သာရှိ၏။
ထိုအပြုအမူတွေကို နေခြည်မြင်လိုက်သော်လည်း မသိသလိုသာနေလိုက်ပြီး ဂျူးမြတ်အပြောကိုသာ နားစွင့်နေလိုက်သည်။
YOU ARE READING
Superficial Love 🤍
Romance' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~