ညမီးအလင်းရောင်အောက်မှာ ရှုပ်ယှက်နေအောင်
သွားလာသူအများအပြားနှင့် ပြည့်နှက်နေလေသည်။
သူနေထိုင်ရာ ဟိုတယ်၏ မျက်နှာချင်းဆိုင်က
ပန်းခြံငယ်ထဲတွင်လည်း ထိုနည်းတူပင်။
သူ့မျက်ဝန်းတွေဟာ ထိုပန်းခြံထဲမှသွားလာနေသူတွေကိုကြည့်နေသော်လည်း သူ့စိတ်အစဉ်သည် သူ့ဘေးမှစကားပြောနေသော လူထံ၌သာရှိလေသည်။သူ့လက်ထဲမှ cigarette တစ်လိပ်ကို ကုန်စင်အောင်ရှိုက်ပြီးမှ ထိုမြင်ကွင်းတွေ ဖုံးကွယ်သွားအောင် လိုက်ကာကိုဆွဲပိတ်ချလိုက်သည်။
ထို့နောက် ထိုလူ့ဘေးတွင်ပြန်ဝင်ထိုင်လိုက်ပြီး" ဟုတ်လို့လား "
" Austin, I will not lie to my brother! "
ဘုန်းမောင်တို့ဆီ သတင်းသွားစုံစမ်းခဲ့သည့် Edem ရဲ့စကားကိုသူမေးခွန်းထုတ်မိတော့ Edem ကလဲချက်ချင်းပင်ခွန်းတုံ့ပြန်လာသည်။
" ငါတို့က Grandpa ကြောင့် အလုပ်တူတူတွဲလုပ်နေတာ That's all ၊အလုပ်အတူတူလုပ်တဲ့ လူတစ်ယောက်အပေါ် ထားရမယ့်ယုံကြည်မှုထက် မင်းကိုပိုယုံမနေဘူး "
" Huh ..,hey Austin
မင်းလည်းအရွယ်ရောက်နေပြီပဲ ဘယ်ချိန်ထိ
မင်းမာမီရဲ့ မဟုတ်တရုတ်စကားတွေကို
ခေါင်းထဲထည့်ထားဦးမှာလဲ၊
How many times have I hurt you like your mom's said? ၊
I won't fight you for inheritance, like my brother.
I am not interested in the inheritance I should have "Edem ကအမှန်စင်စစ် Austin လိုဗမာသွေးနှောမဟုတ်ခဲ့ပါ။ သို့သော်သူ့ရဲ့ Burmese accent သည် ဗမာသွေးနှောဖြစ်သည့် Austin ထက်ပင် ကောင်းမွန်နေလေသည်။
ယခုလည်း Edem ကဗမာလိုတစ်ချက်တစ်ချက်ထည့်ပြောနေလေသည်။
Austin က Edem ၏စကားကိုတစ်ခွန်းမှပြန်မဖြေဘဲ cigarette နောက်တစ်လိပ်ကို မီးညှိကာရှုရှိုက်နေပြန်သည်။" မင်းကိုမဟုတ်တာတွေပြောလိုက်လို့
ငါ့အတွက်ကောင်းသွားတာမရှိဘူး "Edem ကခပ်ပြတ်ပြတ်ပြောပြီးနောက် Austin
ဆွဲပိတ်ထားသော နီညိုရောင်လိုက်ကာတွေကို တစ်ဖက်တစ်ချက်ဆီသို့ ပြန်တွန်းပို့လိုက်သည်။ထိုအခါမှ Austin မှုတ်ထုတ်ထားသော ဆေးလိပ်ငွေ့တို့သည် အခန်းပြင်သို့ထွက်ကာ လွင့်စင်သွားတော့သည်။
သူ့မျက်နှာအား ပွတ်တိုက်လာသော လေနုအေးတို့ကို ခံယူလိုက်ပြီးနောက် Edem ကပဲခပ်အေးအေးပင် စကားပြန်ဆက်သည်။
YOU ARE READING
Superficial Love 🤍
Romance' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~