ရှိန်အိမ်ပြန်ရောက်လာသော အချိန်သည် သန်းခေါင်ချိန်နားပင်ကပ်နေလေပြီ။ သို့သော်သူ့၏အိမ်ပါမက
ခြံတစ်ဝန်းလုံးပါ မီးအလင်းရောင်ဖြင့် လင်းထိန်နေစဲဖြစ်သည်။အခုလိုလင်းထိန်နေတာ ဟာ အမှောင်ကြောက်တက်သော ဘုန်းမောင်ကလွဲလို့ မည်သူမှဒီလိုလုပ်မည်မဟုတ်ပေ။ ဒါ့ကြောင့် ဘုန်းမောင်များ သူ့ပြန်အလာကိုစောင့်နေသလားလို့တွေးမိပြီး သူတစ်ချက်ပြုံးမိသွားသည်။
သို့သော်လည်း မဖြစ်နိုင်ဘူးဟုယူဆကာ အတွေးကတို့ကိုခါထုတ်လိုက်သည်။ ထို့နောက် ကားလာသိမ်းပေးသော မင်းထက်ကိုတောင် စကားမပြောနိုင်ပါဘဲ အိမ်ထဲသို့တစ်လှမ်းခြင်းလှမ်းကာ မှုန်ကုပ်ကုပ်ဖြင့် ဝင်လာခဲ့လိုက်သည်။
" ဘာလို့နောက်ကျနေတာလဲ "
ခေါင်းစိုက်ကာ လှေကားပေါ်တက်ဖို့လုပ်သည့် သူ့နောက်ပါးဆီမှ ထွက်ပေါ်လာသော ချိုအက်အက်အသံ။
ထိုအသံလေးကြောင့် သူအလန့်တကြားနောက်ကို လှည့်ကြည့်မိတော့ သူထင်ထားသည့်အတိုင်း သူ့နှလုံးသားလေးပင် ဖြစ်နေသည်။
ဘုန်းမောင်က Notebook လေးကိုကိုင်ရင်း ရှိန့်ကိုစိုက်ကြည့်နေတာဖြစ်သည်။" ဗျာ... မောင် မအိပ်မသေးဘူးလားဟင် "
" မင်းကိုစောင့်နေတာလေ ၊
ကြီးကြီးနွယ်အစား ကူစောင့်ပေးနေတာ "သူ့စိတ်နဲ့သူစောင့်တာမဟုတ်ဘဲ တခြားသူအစားစောင့်ပေးနေသည်ပဲဖြစ်ပါစေ ရှိန်တစ်ယောက် အလွန်ပျော်မိပါသည်။
ဟုတ်သည်လေ ဘယ်လိုပဲပြောပြော ညဆယ့်နှစ်ထိုးခံနီးအချိန်ထိ မောင်က သူ့ကိုစောင့်နေတာမဟုတ်လား၊ ဒါမျိုးအတွက်သူအလွန်ကိုပျော်မိတာ ပုံမှန်ပဲလေ။
သူ့အတွေးဖြင့် သူပြုံးစိစိဖြစ်နေချိန် ဘုန်းမောင်က သူပြောစရာရှိတာသာ ဆက်ပြောနေလေသည်။
" မင်းကဒီလောက်ထိနောက်ကျလေ့မရှိဘူးလို့
ကြီးကြီးနွယ်ကပြောတယ်၊
ကုမ္ပဏီမှာ ကိစ္စတစ်ခုခုဖြစ်လို့လား "" ဗျာ မရှိပါဘူး ၊
ရဲသွေးနဲ့အလုပ်ကိစ္စကားပြောဖြစ်ရင်း
အချိန်တွေကုန်သွားတာ "
![](https://img.wattpad.com/cover/296631777-288-k385883.jpg)
YOU ARE READING
Superficial Love 🤍
Romance' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~