ဒေါက် ဒေါက်
" ဝင်ခဲ့ "
အခန်းတွင်းမှထွက်ပေါ်လာသော အသံသည်အလွန်ပင်မာထန်လှသည်။သူ့အရှေ့မှ တံခါးခေါက်ပေးသော အတွင်းရေးမှုးကောင်မလေးခမျာ တုန်တက်သွားလေသည်။ သူကတော့ကြားနေကြအသံဖြစ်တာကြောင့် တွန့်ဆုတ်ခြင်းတောင်မရှိပေ။
" ရဲသွေး ရောက်နေတာလား "
ရဲသွေးက ဆိုဖာပေါ်တွင် မှောက်ခုံလဲလျောင်းနေရင်းဖြင့် Tablet ကိုသည်းကြီးမဲကြီးကြည့်နေရာမှ သူ့အသံကြောင့် အနောက်ကိုခေါင်းစောင်းကြည့်လာသည်။
ထို့နောက်သူ့ Tablet ဆီခေါင်းပြန်လှည့်သွားပြီး စကားစသည်။" အချစ်ရေ မင်းရဲ့ကိုကိုမိုးသား ရောက်နေတယ် "
" ရဲသွေး!! ၊ မင်းဘယ်လိုဖြစ်နေတာလဲ "
ရဲသွေးကရှိရင်းစွဲအသံထက် ချွဲနွဲ့ပြီး စနောက်ကာ ပြောလာသည်မို့ ရှိန်တစ်ချက်ဟန့်လိုက်ခြင်းပင်။
" Tsk .. "
ရှုံ့မဲ့ပြနေသော ရဲသွေး၏ခေါင်းကို
တစ်ချက်ပုတ်လိုက်ရင်း ရဲသွေးလှဲနေသောခုံ၏မျက်နှာချင်းဆိုင်တွင် ရှိန်ထိုင်လိုက်သည်။" မင်းမုန့်သွားဝယ်မလို့ဆို သွားလေ "
အခန်းတွင်းမှ ထွက်သွားစေလိုချင်းကြောင့် ပြောလိုက်ခြင်းဖြစ်သည်။ဒါကိုသိတဲ့ ရဲသွေးကလဲ အလိုက်သိစွာပင်။
" သွားမှာပါ ခုပဲသွားမလို့ "
ပြောရင်းပင် ရဲသွေးက သူ့ wallet ကိုကောက်ဆွဲရင်ထထွက်သွားလေသည်။
ရဲသွေးထွက်သွားတော့မှ သူရှိန်၏
မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်ပြီး
စကားစလိုက်သည်။" Edem Viscount က....."
စကားကိုထပ်မဆက်တော့ဘဲ သူမေးငေါ့ပြလိုက်သည်။ သူ့အမေးကိုသိသည့် ရှိန်က
" Austin လွှတ်လိုက်တာ၊
စုံစမ်းစရာရှိလို့ဆိုပြီးတော့ ပြောတာပဲ၊
အဲ့ကောင်လေးက သူ့အဒေါ်အရင်းကနေမွေးတာ၊
အစကမတည့်ကြဘူး၊ခုဘယ်လိုဖြစ်သွားလဲတော့မသိဘူး၊
ယုံလို့ရတယ်လို့တော့ပြောတယ် "" ဟုတ်ပြီ၊ မင်းတို့ရောပဲလေ၊
Austin ကိုကြည့်မရတဲ့မင်းက အခုတော့လိုက်ဂရုစိုက်ပေးနေတာပဲ၊ အဓိက ကနားလည်မှုပဲလေ၊
သူတို့လည်း နားလည်မှုရှိသွားလို့ပေါ့ "
YOU ARE READING
Superficial Love 🤍
Romans' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~