ဒေါက် ဒေါက် ဒေါက်
" ဝင်ခဲ့လေ မိုးသား "
ဘုန်းမောင်တစ်ယောက် ကုမ္ပဏီကို ရုံးတက်ချိန်ထက်စောရောက်နေခြင်းပင်။ သူကုမ္ပဏီကိုရောက်တော့ သူ၏လက်ထောက်ဖြစ်သူ မိုးသားတိမ်က အမြဲစောရောက်သူပီပီ ကုမ္ပဏီသို့ နှောက်နှင့်ပြီးဖြစ်သည်။
လုံခြုံရေးအစောင့် တွေဟာလဲ နေ့ဆိုင်းညဆိုင်းချိန်း ချိန်ဖြစ်တာကြောင့် သူတို့ဌာနကိုလာစရာအကြောင်းမရှိတာကြောင့် ခုတံခါးခေါက်သူဟာ မိုးသားကလွဲ၍ဘယ်သူမှမဖြစ်နိုင်ပေ။
သူမျက်လုံးလှန်၍ ကြည့်လိုက်တော့ သူထင်သလိုပင် မှန်တံခါးကိုအသာဖွင့်၍ဝင်လာသော မိုးသားဖြစ်နေသည်။
" ရော့ mocha "
ကောဖီခွက်ကို စားပွဲပေါ်သို့တင်ရင်း မိုးသားကပြုံး၍ ပြောလာသည်။ထို့နောက် အမှုတွဲဖိုင်တွေကိုစီရင်း မိုးသားကပဲဆက်၍ပြောသည်။
" ရှေ့ကအမှုကြီးပြီးတာ မနေ့ကမှဆိုတော့ ၊မင်းဒီနေ့မလာလောက်ဘူးတောင်ထင်နေတာ "
" နောက်တစ်နာရီနေရင် အစည်းဝေးစမယ်၊ ပြင်ထားလိုက်
ဒီတစ်ခေါက်အမှုက လွယ်မှာမဟုတ်ဘူး "မိုးသား၏အမေးကိုမဖြေပဲ ဘုန်းမောင်က
နောက်အမှုအတွက် စာရွက်စာတမ်းတွေကို
ကြည့်ရင်းအမှုအကြောင်းသာပြောနေလေသည်။
ဒါ့ကြောင့် မိုးသားလဲ ခေါင်းတစ်ငြိမ့်ပြ၍သာ လှည့်ထွက်လာလိုက်သည်။" မင်းတို့ရောက်နေပြီပဲ၊ နောက်တစ်နာရီနေရင် အစည်းဝေးတဲ့၊ ကျန်တဲ့လူတွေလာရင်ပြောပေးထားဦး "
" ဟုတ်ပြီ၊ဒါနဲ့ အစောကြီးရောက်နေတာလား "
လျှမ်းသစ်က သူ့အလုပ်စားပွဲမှာထိုင်နေရင်းပင်၊
ဘုန်းမောင်၏အလုပ်ခန်းဘက်ကို မျက်စပြစ်ပြရင်းပြောလာခြင်းဖြစ်သည်။သူ့၏စကားကို ဂျူးမြတ်က ထောက်ခံရင်းဆိုပြန်သည်။" အင်း ဟုတ်သားဟ၊
သူအရင်အမှုမှာအတော်ထိထားတယ်မဟုတ်လား၊ ငါကနားမယ်တောင်ထင်နေတာ၊ ဘယ်လိုဖြစ်တာလဲ "" မသိပါဘူးဟာ၊ ငါမေးတော့လဲမဖြေဘူးလေ
အလုပ်ပဲကုန်းရုံးလုပ်နေတာ၊ ခုလဲ ဒီကောင့်ပုံက
နတ်ပြည်ကြွတော့မယ့်ပုံစံနဲ့လေ၊ ယိုင်နဲ့နဲ့ပဲရှိတော့တယ် "
YOU ARE READING
Superficial Love 🤍
Romantizm' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~