Episode 24

76 1 0
                                    

" မောင်!!! "

ထိုခေါ်သံကြောင့် ဘုန်းမောင်ရောမိုးသားပါ လှည့်ကြည့်လိုက်တော့ ရှိန်က ဘုန်းမောင်ခါးပေါ်မှမိုးသား၏လက်ကို စူးစိုက်ကြည့်ရင်း သူတို့အနားသို့အမြန်လျှောက်လာလေသည်။

" မင်းကဒီကို ဘယ်လိုရောက်လာတာလဲ "

မိုးသား၏အမေးကိုရှိန်က ပြန်မဖြေပါဘဲ...

" မောင်ကနေမကောင်းလို့လား "

ရှိန့်အကြည့်က ဘုန်းမောင်ခါးပေါ်ရှိ မိုးသား၏လက်၌သာ စွဲကပ်နေရင်း လေသံမာဆတ်ဆတ်ဖြင့် မေးလာသည်။
ဒါ့ကြောင့်မိုးသားကအလိုက်သိစွာပင် ဘုန်းမောင်၏ကိုယ်ခန္ဓာကို ထိန်းထားရာမှ ဖြည်းဖြည်းချင်းလွှတ်ပေးလိုက်သည်။
ထိုအခါမှ ရှိန့်၏အကြည့်တို့က လားရာပြောင်းသွားလေ၏။

ဘုန်းမောင်က ရှိန့်၏အမေးကို အရင်မဖြေဘဲ သူဆောင်းထားသော‌ဦးထုပ်အား ရှိန့်ကိုဆောင်းပေး၏။ ထို့နောက်သူ့ရဲ့ leather file လေးထဲမှ maskအဖြူလေးကိုထုပ်၍ ရှိန့်ကိုပေးလိုက်သည်။
ဒါဟာသူတို့အလုပ်နဲ့ပတ်သတ်တဲ့ဧရိယာတဝိုက်မှာ
အန္တာရယ်များတာကြောင့် သူတို့ကိုလာတွေ့တိုင်း
ရုပ်ကိုမဖော်ဖို့ပြောထားသော်လည်း နားမထောင်တဲ့ရှိန့်အတွက် ဘုန်းမောင်လုပ်ပေးနေကြအရာပင်။

" Oh!! ပိုလိုက်တာ "

မိုးသားတစ်ယောက်ထိုသို့ပြောအပြီး ဘုန်းမောင်ဆီမှ မျက်စောင်းတစ်ချက် ရယူလိုက်ရလေသည်။ ထို့နောက်ဘုန်းမောင်က မျက်နှာသေဖြင့် ရှိန့်ဘက်သို့လှည့်ကာ

" ငါနေကောင်းတယ် "

" မဟုတ်တာ၊ သူနေမကောင်းဘူး ရှိန်လေး ၊
အရင်တစ်ခါအမှုထဲက လက်ထိထားတာလည်း
သူမသက်သာသေးဘူး ၊ ပြီးတော့ သူအရက်.. "

" မိုးသား!! "

" ကျစ်.. မင်းကတော့လေ၊
တော်ပြီ ငါကားထဲကစောင့်နေမယ် ၊
ဒီကလေးကို မင်းဟာမင်းရှင်းပြလိုက် ၊တကယ်ပါဘဲ.. "

မိုးသားက ဘုန်းမောင်လက်ထဲမှ ကားသော့ကိုဆွဲယူရင်း
ထွက်သွားလေသည်။ ရှိန်ကမိုးသားထွက်သွားပြီးနောက်တွင်...
ဘုန်းမောင်အား သူရပ်ထားခဲ့သော ကားဆီသို့ဆွဲခေါ်လာလိုက်သည်။ ဘုန်းမောင်လည်း အသာတကြည်သာလိုက်ခဲ့မိလေ၏။
ထို့နောက်ရှိန်ကတပ်ထားသော mask ကိုပြန်ချွတ်လိုက်သည်။

Superficial Love 🤍 Where stories live. Discover now