ပေနှစ်ဆယ်သုံးဆယ်လောက်ကျယ်ဝန်းသော အခန်းတွင်း၌ ဝင်ပေါက်မှလွဲ၍ ပတ်ပတ်လည် ကန့်လန့်ကာတွေသာချထားလေသည်။ဒါ့အပြင် မီးအိမ်နှစ်အိမ်ကိုသာ ထွန်းထားသည့်အတွက် အနည်းငယ်တော့ မှောင်ရိပ်ကျနေလေသည်။
ဘုန်းမောင်နှင့်မိုးသားက တစ်ယောက်ထိုင်ဆိုဖာတွင် ဘေးချင်းကပ်ထိုင်နေကြပြီး သူတို့နှင့်မျက်နှာချင်းဆိုင် ခုံတန်းရှည်တွင်တော့ Austin နှင့်သုန်းကထိုင်နေလေသည်။ ထိပ်ဦးပိုင်းတွင်တော့ ရိန်မွန်းကထိုင်နေလေရဲ့။
" ငါနဲ့ Austin က Alien နဲ့ပတ်သက်နေတာ
မင်းသိပြီးသားမဟုတ်လား "ဘုန်းမောင်ကသူ့ကိုခပ်ဆဆကလေး ကြည့်ကာခေါင်းငြိမ့်ပြ၏။
ထိုအချိန်တွင်ပဲ တံခါးဆင့်ခေါက်သံကို ကြားလိုက်ရ၍ သူတို့အကုန်လုံး၏ အာရုံသည်တံခါးဆီရောက်သွားသည်။
Austin မှခပ်သွက်သွက်တံခါးသွားဖွင့်လိုက်တော့ ရှိန်က ' နောက်ကျသွားတာ sorry ' ဟုပြောရင်းအခန်းတွင်းဝင်လာသည်။" မပြောနဲ့နော်.. ဒီအရှုပ်ကိစ္စတွေထဲမင်းပါ ပါနေတယ်လို့ "
ဘုန်းမောင်ထိုသို့ပြောလိုက်တော့ ရှိန်နှင့် Austin က အောင့်သက်သက်ဖြင့်ပြုံးပြလေရဲ့။ ဘာကိုဆိုလိုလဲသူသိလိုက်သည်မို့ သက်မတစ်ချက်ရှိုက်ကာ လက်ညှိုးနှင့်လက်ခလယ်ကို သုံး၍နားထင်အားဖိနှိပ်လိုက်သည်။
" ငါဘယ်လိုမှစဉ်းစားမရဘူး ၊ Austin နဲ့ ကိုရိန်မွန်းက မတက်သာတဲ့ အခြေအနေမို့လို့ထားပါဦး၊ မင်းတို့သုံးယောက်က ဘာကိစ္စဝင်ပါရတာတုန်းဟ "
" ဒါတွေထားပါ၊ ဖြစ်ပြီးနေပြီပဲ၊
ကိုယ်တို့အလုပ်ကိစ္စပဲဆက်ပြောကြရအောင်လေ "ငြိမ်နေသော ရိန်မွန်းမှဝင်ပြောလာသည်။
ထိုအခါမှသာ ဘုန်းမောင်က သူတို့အကုန်လုံးကိုတစ်ချက်ကြည့်ပြီး ဘယ်ဘက်မျက်ခုံးကိုပင့်ကာ ဆက်ပြောဆိုသည့်ပုံစံဖြင့် မေးဆတ်ပြလေသည်။
ထိုအခါမှပဲ ရှိန်တို့သုံးယောက် အသက်ဝဝရှုရဲတော့၏။" ကျွန်တော်ပြောပြမဲ့ အကြောင်းအရာတွေထဲ အကိုသိပြီးသားတွေလည်းပါနေမှာပါ၊ ဒီလိုဗျာ...... "
YOU ARE READING
Superficial Love 🤍
Romance' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~